ပရီးမီးယားလိဂ်ကို ဗဟိုပြု၍

ပရီးမီးယားလိဂ်ကို ဗဟိုပြု၍
Photo : Getty Images
Photo : Getty Images
Published 9 May 2024
Phoe Thar

ဘောလုံးရာသီတစ်ခုအဆုံးသတ်ဖို့နီးကပ်လာချိန်၊ ရာသီသစ်၊ မျှော်လင့်ချက်အသစ်တွေအတွက် ပြင်ဆင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ စီမံကိန်းတွေရေးဆွဲနေတဲ့ လက်ရှိအချိန်ကာလမျိုးမှာ ဘောလုံးပရိသတ်တွေအမြဲလိုလို ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ခဲ့ရတဲ့ အကြောင်းအရာတစ်ခုက နည်းပြအပြောင်းအလဲသတင်းတွေပါပဲ။ အထူးသဖြင့် ဖြတ်သန်းခဲ့တဲ့ တစ်ရာသီလုံးဖိအားတွေနဲ့ရုန်းကန်ခဲ့ရပြီး၊ ထင်တိုင်းမပေါက်ခဲ့တဲ့ ထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ ရာသီသစ်နည်းပြအပြောင်းအလဲ သတင်းတွေက ကစားသမားအပြောင်းအရွှေ့သတင်းတွေနည်းတူ မီဒီယာစာမျက်နှာတွေထက်မှာ အကြောင်းအရာအမျိုးမျိုးနဲ့ ဖုံးလွှမ်းထားတာပါ။

 

Most Read

Most Recent