■ လာလီဂါပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 26 April 2024

လက်စ်ပါမားစ် - ဂျီရိုနာ (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၆:၃၀ နာရီ)

လက်စ်ပါမားစ်ခုတလောခြေပြန်ကျသွားတာတွေ့ရတယ်။ ဂျီရိုနာကလည်း ဘာစီလိုနာဆီမှ အဆင့် (၂)နေရာကိုပြန်ယူနိုင်ဖို့ အတတ်နိုင်ဆုံးအားထုတ်ဦးမှာသေချာပါတယ်။ ဒါပေမဲ့ အဝေးကွင်းမှာ ဂျီရိုနာကစားပုံပြန်လျော့နေလို့ နိုင်ပွဲပြန်ရရေးအိမ်ကွင်းမှာအားထုတ်လာနိုင်တဲ့ လက်စ်ပါမားစ်ကို အနိုင်ရဖို့အထိတော့ မဖြစ်နိုင်ဘူးထင်တယ်။ ဂိုးနည်းသရေပွဲပဲ မှန်းထားချင်တယ်။



အယ်မယ်ရီယာ - ဂီတာဖေး (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၈:၄၅ နာရီ)

အယ်မယ်ရီယာတန်းဆင်းရဖို့နီးစပ်နေပြီဖြစ်ပေမယ့် အတတ်နိုင်ဆုံးတော့ရုန်းနေတုန်းပဲ။ ဒါကြောင့် အိမ်ကွင်းအားနဲ့ ရုန်းနေတဲ့ အယ်မယ်ရီယာကို ဂီတာဖေးမနိုင်လောက်ဘူးထင်တယ်။ အယ်မယ်ရီယာနဲ့ ဂိုးအများပဲ ရွေးထားမယ်။



အလာဗတ်စ် - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၁၁:၀၀ နာရီ)

ဆယ်လ်တာဗီဂိုတို့ တန်းမဆင်းရရေးသေချာမှုအတွက် အမှတ်ရှာရဦးမယ်။ နည်းပြသစ်လက်ထဲလည်း ဆယ်လ်တာဗီဂို ကစားပုံမဆိုးလှပေမယ့် အိမ်ကွင်းမာကျောတဲ့အလာဗတ်စ်ကိုတော့ အနိုင်ယူဖို့ခက်မှာပါ။ ဂိုးနည်းသရေပွဲလို့ပဲ ထင်တယ်။



အက်သလက်တီကို - ဘီလ်ဘာအို (မြန်မာစံတော်ချိန် ဧပြီလ ၂၈ ရက် နံနက် ၁:၃၀ နာရီ)

အက်သလက်တီကိုကလည်း လာလီဂါဘက်ပြန်အာရုံစိုက်ပြီး အဆင့် (၄)နေရာသေချာအောင်ကစားရတော့မယ်။ ဒါ့ပြင် အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ ဘီလ်ဘာအိုနဲ့ကစားရမှာဆိုတော့ ဒီလိုပွဲမျိုးကို အက်သလက်တီကိုတို့ အိမ်ကွင်းမှာ ပေါ့ပေါ့ပါးပါးကစားဖို့ မရှိနိုင်ပါဘူး။ ဘီလ်ဘာအိုကတော့ ခုတလောကစား အားနည်းနည်းပြန်လျော့နေသလို၊ အဝေးကွင်းရောက်ရင်လည်း ကစားပုံမာကျောမှုမရှိတာတွေ့ရတယ်။ အက်သလက်တီကိုပဲ ရွေးထားချင်တယ်။ ဂိုးနည်းမယ်။

Most Read

Most Recent