အီရန်သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီး ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးပြီဖြစ်ကြောင်း အီရန်ကြေညာ

အီရန်သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီး ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးပြီဖြစ်ကြောင်း အီရန်ကြေညာ
Published 20 May 2024
Ref: AP

အီရန်သမ္မတ အီဗရာဟင်ရိုင်ဆီနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူဆိန်အေမာအဗ္ဗ ဒူလာဟီရန်တို့သည် ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက တရားဝင်ကြေညာခဲ့ကြောင်း သိရသည်။

အီရန်သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးလိုက်ပါသွားသည့် ရဟတ်ယာဉ်သည် မေ ၁၉ ရက်က မြူများထူထပ်စွာ ကျဆင်းနေသည့် နယ်စပ်တောင်တန်းဒေသတွင် ပျောက်ဆုံးသွားသဖြင့် အီရန်ကယ်ဆယ်ရေးအဖွဲ့များက ပိုက်စိပ်တိုက်ရှာဖွေမှုများ လုပ်ဆောင်ခဲ့ပြီး ယနေ့(မေ ၂၀ ရက်)တွင် ရဟတ်ယာဉ်အပျက်အစီးများကို ရှာဖွေတွေ့ရှိပြီးနောက် ကနဦးတွင် ၎င်းတို့နှစ်ဦးသေဆုံးခြင်းရှိ မရှိ အတည်မပြုနိုင်သေးသော်လည်း ယခုအခါ ၎င်းတို့နှစ်ဦး သေဆုံးကြောင်း အီရန်နိုင်ငံက တရားဝင်အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

အီရန်ဥသျှောင် အယာတိုလာအလီခါမေနီကမူ အီရန်ခေါင်းဆောင်ပိုင်းနှင့်ပတ်သက်၍ မစိုးရိမ်ရန် အီရန်ပြည်သူများကို တိုက်တွန်းထားပြီး နိုင်ငံ၏လုပ်ငန်းများတွင် အနှောင့်အယှက်များ ရှိလိမ့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။



 

Most Read

Most Recent