အစ္စရေးသို့ လက်နက်ပေးပို့မှုရပ်ဆိုင်းမည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ခြိမ်းခြောက်ပြောကြားချိန်တွင် အစ္စရေးက ရာဖာကို ဗုံးကြဲတိုက်ခိုက်

အစ္စရေးသို့ လက်နက်ပေးပို့မှုရပ်ဆိုင်းမည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ခြိမ်းခြောက်ပြောကြားချိန်တွင် အစ္စရေးက ရာဖာကို ဗုံးကြဲတိုက်ခိုက်
Photo: AFP
Photo: AFP
Published 9 May 2024

ဟားမာ့စ်နှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် အစ္စရေး၏အပြုအမူနှင့်ပတ်သက်၍ အမေ ရိကန်သမ္မတဂျိုးဘိုင်ဒင်ကအပြင်းထန်ဆုံးသတိပေးလိုက်ပြီး လက်နက်လွှဲပြောင်းမှုများ ကိုဖြတ်တောက်ပစ်မည်ဟုပြောကြားခဲ့သည့်တိုင် အစ္စရေးသည် မေ ၉ ရက်တွင် ရာဖာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အစ္စရေးက ဂါဇာတောင်ပိုင်းမြို့ရာဖာကို မြေပြင်စစ်ဆင်ရေးလုပ်မည်ဆိုပါက အမေရိကန်က အစ္စရေးကို လက်နက်ပံ့ပိုးမှုများလုပ်တော့မည်မဟုတ်ဟု အမေရိကန်သမ္မတက ခြိမ်းခြောက်ခဲ့သည်။

သို့ရာတွင် ရာဖာကို စစ်ဆင်ရေးလုပ်ဆောင်ခြင်းမပြုရန် အမေရိကန်အပါအဝင်အခြားသောနိုင်ငံများက ကန့်ကွက်နေကြသည့်တိုင် အစ္စရေးက ရာဖာကိုတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။ မေ ၉ ရက် အစောပိုင်းတွင်ရာဖာကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေသည်ဟု အေအက်ဖ်ပီ  သတင်းထောက်များက သတင်းပေးပို့ခဲ့သည်။  ဂါဇာကမ်းမြောင်အလယ်ပိုုင်းရှိ မြောက်ဖျားစွန်းကျကျနေရာရှိ ဟားမာ့စ်၏တည်နေရာ များကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု နောက်ပိုင်းတွင် အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

အစ္စရေးက ရာဖာကို မြေပြင်ထိုးစစ်ဆင်မည်ဆိုပါက အစ္စရေးသို့ အမေရိကန်လက် နက်ထောက်ပံ့မှုများကို မိမိရပ်ရလိမ့်မည်ဟု မေ ၈ ရက် CNN နှင့်အင်တာဗျူးတွင် သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။  

သမ္မတဂျိုးဘိုင်ဒင်၏ခြိမ်းခြောက်ပြောဆိုမှုသည် အလွန် စိတ်ပျက်စရာကောင်းသည်ဟု မေ ၉ ရက်တွင် အစ္စရေးက ပြောကြားခဲ့သည်။

“သူတို့က ရာဖာမြို့ထဲကိုဝင်မယ်ဆိုရင်  မြို့တွေကို ကိုင်တွယ်ဖို့ အသုံးပြုနေတဲ့ လက်နက်တွေကို ကျွန်တော် ထောက်ပံ့ပေးမှာမဟုတ်တော့ပါဘူး။ အသုံးပြုနေတဲ့ လက်နက်တွေနဲ့လက်နက်ကြီးကျည်ဆန်တွေကိုလည်း ကျွန်တော်တို့ပံ့ပိုးပေးမှာမဟုတ်တော့ပါဘူး”ဟု ဘိုင်ဒင်က CNN ကို ပြောကြားခဲ့သည်။

အစ္စရေးက အီဂျစ်နှင့် ထိစပ်နေသော နယ်ခြားဖြတ်သန်းရေးဂိတ်ကို သိမ်းပိုက်လိုက်ပြီးနောက် မတ် ၈ ရက်တွင် ဂါဇာကမ်းမြောင်ရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။

ရာဖာနယ်စပ်ဖြတ်သန်းရေးဂိတ်သည် အဝိုင်းခံထားရသော ပါလက်စတိုင်းနယ်မြေစု ဂါဇာကမ်းမြောင်သို့ စားနပ်ရိက္ခာအကူအညီများ ပို့ဆောင်ရေးအတွက် အဓိကကျသော ဂိတ်တစ်ခုဖြစ်သည်။ လူသားချင်းစာနာမှု ဆိုင်ရာအကူအညီများပေးပို့မှု အဆက်ပြတ်သွားခြင်းအတွက် အိမ်ဖြူတော်က အစ္စရေးကို ပြစ်တင်ရှုတ်ချခဲ့သည်။

အစ္စရေးက ဂါဇာတောင်ပိုင်းမြို့ရာဖာအား ကျူးကျော်မည်ကို စိုးရိမ်သောကြောင့် အမေရိကန်သည် အစ္စရေးသို့

Most Read

Most Recent