■ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုရရှိရန် မန်စီးတီးကွင်းလယ်ကစားသမား ဖိုဒန် ပိုမိုရေပန်းစားလာ     

■ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုရရှိရန် မန်စီးတီးကွင်းလယ်ကစားသမား ဖိုဒန် ပိုမိုရေပန်းစားလာ     
Photo: Getty Images
Photo: Getty Images
Published 26 April 2024

မန်စီးတီးကွင်းလယ်ကစားသမား ဖိုဒန်သည် ယခုရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု ရရှိရန်လည်း ပိုမိုရေပန်းစားလာကြောင်း သိရသည်။ 

    

ဖိုဒန်သည် ယခုရာသီတွင် အကောင်းဆုံးခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်၌ (၁၆)ဂိုးသွင်းယူထားသည်။ 

၎င်းအနေဖြင့် ၂၀၁၇-၁၈ ရာသီတွင် မန်စီးတီးအသင်းအတွက် စတင်ပွဲထွက်ကစားခွင့်ရခဲ့ပြီး (၇)ရာသီမြောက်၌ ပရီးမီးယားလိဂ်ဂိုး(၅၀)ကျော် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ကာလအားဖြင့် ကြာမြင့်သည်ဟု ဆိုနိုင်သော်လည်း ၎င်း၏အသက်မှာ လက်ရှိအချိန်တွင် (၂၃)နှစ်သာရှိသေးသည့်အတွက် နည်းပြ ဂွါဒီယိုလာ၏လက်အောက်တွင် ကစားခဲ့သည့်ကစားသမားများအနက် လိဂ်ဂိုး(၅၀)ကို အသက်(၂၃)နှစ်နှင့် အောက်တွင် သွင်းယူနိုင်သော တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ 

ဖိုဒန်ကဲ့သို့ စွမ်းဆောင်နိုင်သည့် ပထမဆုံးကစားသမားမှာ ဘာစီလိုနာကစားသမားဟောင်း မက်ဆီဖြစ်ပြီး ဒုတိယကစားသမားမှာ လက်ရှိ မန်စီးတီးကစားသမား ဟာလန်းဖြစ်ကြောင်း သိရသည်။

    

ဖိုဒန်သည် ယခုရာသီတွင် မန်စီးတီးအသင်းအတွက် သွင်းဂိုးများစွာ၊ ဖန်တီးမှုများစွာဖြင့် ခြေစွမ်းပြနေခြင်းကြောင့်  ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု ရရှိရန်လည်း ပိုမိုရေပန်းစားလာကြောင်း သိရသည်။ 

လက်ရှိရာသီ၌ တိုက်စစ်မှူး ဟာလန်းက ဖိုဒန်ထက် ဂိုးပိုသွင်းထားသော်လည်း စွမ်းဆောင်ရည်မှတ်တမ်းတွင် ဖိုဒန်က အသာရလျက်ရှိသည်။ 

ထို့ပြင် မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိရန် အလားအလာကောင်းနေသည့်အတွက် ဖိုဒန်အနေဖြင့် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုရရှိရန် ပိုမိုရေပန်းစားနေခြင်းလည်းဖြစ်သည်။ 

ပရီးမီးယားလိဂ်အကောင်းဆုံးက စားသမားဆုအတွက် ဖိုဒန်နှင့်အပြိုင်ဖြစ်နေသူများမှာ ဝပ်ကင်စ်(အက်စတွန်ဗီလာ)၊ ဟာလန်း(မန်စီးတီး)၊ ဒက်ကလန်ရိုက်စ်(အာဆင်နယ်)၊ ဆာလာ(လီဗာပူးလ်)၊ ဆာကာ(အာဆင်နယ်)၊ ပါလ်မာ(ချယ်လ်ဆီး)၊ ဆာလီဘာ(အာဆင်နယ်)၊ ရိုဒရီ(မန်စီးတီး)၊ အော်ဒီဂွါ(အာဆင်နယ်)တို့ဖြစ်သည်။

Most Read

Most Recent