■ လောင်းကစားစည်းမျဉ်း ချိုးဖောက်မှုဖြင့် တိုနာလီကို FA စွဲချက်တင်     

■ လောင်းကစားစည်းမျဉ်း ချိုးဖောက်မှုဖြင့် တိုနာလီကို FA စွဲချက်တင်     
Photo: Getty Images
Photo: Getty Images
Published 29 March 2024

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သည် လောင်းကစားစည်းမျဉ်း ချိုးဖောက်မှုဖြင့် နယူးကာဆယ်ကွင်းလယ်ကစားသမား တိုနာလီကို စွဲချက်တင်လိုက်ကြောင်း သိရသည်။ 

အီတလီကစားသမား တိုနာလီ(၂၃ နှစ်)သည် ပြီးခဲ့သည့်နွေရာသီ တွင် အေစီမီလန်အသင်းမှ နယူးကာဆယ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အီတလီနိုင်ငံတွင် လောင်းကစားစည်းမျဉ်း ချိုးဖောက်ခဲ့မှုကြောင့် ပွဲပယ်ပြစ်ဒဏ်(၁၀)လ ချမှတ်ခံထားရသူဖြစ်သည်။ 

ယခုအခါ ပရီးမီးယားလိဂ်ရာသီအစောပိုင်း ပွဲစဉ်များတွင်လည်း အကြိမ်(၅၀)လောင်းကစားပြုလုပ်ထားကြောင်း တွေ့ရှိရသဖြင့် FA က စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုနာလီအနေဖြင့် ဧပြီ(၅)ရက်မတိုင်မီ ဖြေရှင်းချက်ပေးရမည်ဟု သိရသည်။

Most Read

Most Recent