■ စီးရီးအေပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက် 
Photo: Sky Sports
Photo: Sky Sports
Published 15 March 2024

မွန်ဇာ - ကာဂလီယာရီ (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၈:၃၀ နာရီ)

မွန်ဇာက အထက်မရောက်၊ အောက်မရောက်အသင်းဖြစ်ပေမဲ့ တိုက်စစ်ကစားပုံက အားရစရာကောင်းတယ်။ ဒါပေမဲ့ အမှတ်ပိုလိုအပ်တဲ့ ကာဂလီယာရီနဲ့ စွန့်စားချင်တယ်။ (၂) သင်းပေါင်း သွင်းဂိုးများနိုင်တယ်။



အူဒီးနီးစ် - တိုရီနို (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၈:၃၀ နာရီ)

အူဒီးနီးစ်က အိမ်ကွင်းနောက်ဆုံး (၃)ပွဲဆက် သရေကျခဲ့တယ်။ တိုရီနိုကလည်း နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမဲ့ ကစားပုံအရမ်းဆိုးရွားတာမျိုး မရှိပါဘူး။ သရေကျဖို့များတဲ့ ပွဲမျိုးလို့ ထင်မိတယ်။



ဆလာနီတာနာ - လက်ချီ (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၁၁:၃၀ နာရီ)

ဆလာနီတာနာကို တန်းပြန်ဆင်းရမယ့်အသင်းလို့ ပြောရမလိုပဲ။ ခံစစ်အရမ်းအားနည်းပြီး ဂိုးတွေတောက်လျှောက်ပေးနေရတယ်။ အဝေးကွင်းဖြစ်ပေမဲ့ လက်ချီအသင်းသရေနဲ့ အနိုင်ပါပဲ။



ဖရိုဆီနိုနီ - လာဇီယို (မြန်မာစံတော်ချိန် မတ်လ ၁၇ ရက် နံနက် ၂:၁၅ နာရီ)

လာဇီယိုက ဖရိုဆီနိုနီနဲ့တွေ့ဆုံတဲ့ စီးရီးအေနောက်ဆုံး (၃)ပွဲဆက် အနိုင်ရခဲ့တယ်။ ဖရိုဆီနိုနီက တန်းဆင်းဇုန်ထဲရောက်လာပေမဲ့ အိမ်ကွင်းဆိုရင် ကစားပုံကောင်းတတ်ပါတယ်။ လာဇီယိုအသင်း ဖရိုဆီနိုနီကွင်းမှာ ထင်သလောက်လွယ်ကူဖို့ မရှိဘူး။ ဖရိုဆီနိုနီနဲ့ ဂိုးအများကို ကြိုက်တယ်။

Most Read

Most Recent