ယခုထက် ပိုမိုတိုးတက်လိုကြောင်း ဆွန်ဟောင်မင် ပြောကြား

ယခုထက် ပိုမိုတိုးတက်လိုကြောင်း ဆွန်ဟောင်မင် ပြောကြား
Photo: X
Photo: X
Published 14 March 2024

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က အသင်းနည်းပြအတွက် ယခုထက် ပိုမိုတိုးတက်လိုကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အသက် (၃၁)နှစ်အရွယ်ရှိ ဆွန်ဟောင်မင်သည် လက်ရှိအချိန်တွင် ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်နေကြောင်း သုံးသပ်နေကြသည်။

သို့သော် ဆွန်ဟောင်မင်ကမူ ၎င်းအနေဖြင့် ယခုထက်ပိုမိုတိုးတက်လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆွန်ဟောင်မင်က ''ကျွန်တော့်ကို လူတိုင်းကူညီကြပါတယ်။ အထူးသဖြင့်တော့ နည်းပြပေါ့။ သူက ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမားဖြစ်လာအောင် လုပ်ပေးသူပါ။ ကျွန်တော့်အနေနဲ့ အခုပိုတိုးတက်လိုပြီး သူ့အတွက် ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်ချင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent