ထောက်ခံချက် ပေးရမည့် စာရွက်စာတမ်းများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားရမည်ဖြစ်ပြီး အွန်လိုင်းမှ ကြိုတင်ရက်ချိန်းယူရမည်ဟု ထိုင်းသံရုံး ထုတ်ပြန်

ထောက်ခံချက် ပေးရမည့် စာရွက်စာတမ်းများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားရမည်ဖြစ်ပြီး အွန်လိုင်းမှ ကြိုတင်ရက်ချိန်းယူရမည်ဟု ထိုင်းသံရုံး ထုတ်ပြန်
Published 11 May 2024

ထောက်ခံချက်ပေးရမည့် စာရွက်စာ တမ်းများကိုအင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရမည် ဖြစ်ပြီး အွန်လိုင်းမှ ကြိုတင်ရက်ချိန်းယူရမည် ဟု မြန်မာနိုင်ငံရှိ ထိုင်းသံရုံးက ထုတ်ပြန်သည်။

အွန်လိုင်းရက်ချိန်းယူရမည့်စနစ်ကို မေ ၁၃ ရက်တွင် စတင်အသုံးပြုမည်ဖြစ်ကြောင်း၊ ရက်ချိန်းကို ကြိုတင်ရယူရမည်ဖြစ်ကြောင်း ထိုင်းသံရုံးက ကြေညာသည်။

ထို့ပြင် ထောက်ခံချက်ပေးမည့်စာရွက် စာတမ်းများတွင် မြန်မာအစိုးရ သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းများက ထုတ်ပေး ထားသော အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိ စစ်ရေးကတ်ပြားမိတ္တူ၊ နိုင်ငံကူးလက်မှတ် မိတ္တူနှင့် အခြားသော အစိုးရစာရွက်စာတမ်း များ ပါဝင်ကြောင်း၊ အဆိုပါစာရွက်စာတမ်း များကို သံရုံးသို့ မတင်ပြမီ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားရန်နှင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ ထောက်ခံချက်ရယူထားရန် လိုအပ်ကြောင်း ထိုင်းသံရုံးက ထုတ်ပြန်သည်။

စာရွက်စာတမ်းများတရားဝင်ကြောင်း ထောက်ခံချက်အတွက် သံရုံးအနေဖြင့် အွန် လိုင်းမှ ရက်ချိန်းယူရာတွင် လူဦးရေကန့်သတ် ထားကြောင်း၊ ရက်ချိန်းမယူမီ မည်သည့်ရက် တွင် အဆင်ပြေသည်ကို သေသေချာချာစဉ်း စားပြီးမှ လျှောက်ထားရန်နှင့် ရက်ချိန်းရရှိပြီး ပါက ပြန်လည်ပယ်ဖျက်ခြင်းကို ရှောင်ရှားရန် ထိုင်းသံရုံးက သတိပေးထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း နာမည်အ တုများဖြင့် ဗီဇာရက်ချိန်း အမြောက်အမြား ရယူပြီး ရောင်းစားသူများရန်မှ ကာကွယ်ရန် အွန်လိုင်းဗီဇာရက်ချိန်း ပယ်ဖျက်သည့်စနစ်ကို ရပ်ဆိုင်းကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသို့ သွားရောက်ရန် ဗီဇာ လျှောက်ထားမှု များလာခြင်းကြောင့် ယခုနှစ် ဖေဖော်ဝါရီမှစတင်ပြီး အွန်လိုင်းမှ ရက်ချိန်းယူ ရသည့်စနစ်ကို ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက စတင်လုပ်ဆောင်ခဲ့သည်။

ယင်းသို့ အွန်လိုင်းစနစ်ဖြင့် စတင်ပြီး တစ်လနီးပါးခန့်အကြာတွင် လူအချို့က ပတ်စ် ပို့နံပါတ်အမျိုးမျိုးကို အသုံးပြုကာ ရက်ချိန်းနေ့ ရက်အများအပြား ရယူထားခြင်း၊ ရက်ချိန်းရယူ ထားသော်လည်း လာရောက်လျှောက်ထားမှု မရှိခြင်း၊ သံရုံးရှေ့တွင် ဝန်ထမ်းအယောင် ဆောင်၍ ဗီဇာလာရောက်လျှောက်ထားသူ များကို ငွေကြေးတောင်းခံခြင်းများရှိသဖြင့် ထိုင်းသံရုံးက ကြေညာချက်တစ်စောင် ထုတ် ပြန်ခဲ့ရသည်။

Most Read

Most Recent