ကျိုက်ထိုမြို့နယ်အတွင်း COVID-19 Positive အမျိုးသမီးလူနာတစ်ဦး ပြန်လည်တွေ့ရှိခဲ့

ကျိုက်ထိုမြို့နယ်အတွင်း COVID-19 Positive အမျိုးသမီးလူနာတစ်ဦး ပြန်လည်တွေ့ရှိခဲ့
ဓာတ်ပုံ- ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာန
ဓာတ်ပုံ- ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာန
Published 11 May 2024
ဘိုဘိုမြင့်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း COVID-19 Positive အမျိုးသမီးလူနာတစ်ဦး ပြန်လည်တွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သတင်းထုတ်ပြန် ချက် အရ သိရသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က ကျိုက် ထိုမြို့နယ် ကျောက်တန်းလေးကျေးရွာနေ အသက် (၆၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး မှာ ရုတ်တရက်အသက်ရှူ ကြပ်ပြီး သိမ်ဇရပ် တိုက်နယ်ဆေးရုံသို့ လာရောက်ကာ ဆေး ကုသမှု ခံယူခဲ့ကြောင်းနှင့် ၎င်းလူနာအား ဓာတ်ခွဲစစ်ဆေးခဲ့ရာမှ COVID-19 ကူးစက် ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်း ဖြစ် သည်။

ထိုအမျိုးသမီးအား COVID-19 ကူးစက် ကပ်ရောဂါ ကာကွယ်ဆေးထိုးထားမှုရှိ၊ မရှိ စစ်ဆေးခဲ့ရာမှာ ကာကွယ်ဆေးအား တစ် ကြိမ်မှ ထိုးနှံထားခြင်းမရှိကြောင်းလည်း ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ COVID-19 Positive လူနာ အား သိမ်ဇရပ်တိုက်နယ်ဆေးရုံတွင် အတွင်း လူနာအဖြစ် သီးခြားထားရှိပြီး ဆေးကုသမှု ပေးထားကြောင်း နှင့် ၎င်းင်းလူနာ နှင့် ထိတွေ့မှု ရှိထားသည့် ခြောက်ဦးကိုလည်း ဓာတ်ခွဲစစ် ဆေးမှုများပြုလုပ်ထားရာတွင် ရောဂါကူးစက် ခံထားရခြင်းမရှိသော်လည်း၊ ၎င်းတို့အား နေ အိမ်တွင် သီးသန့်ထားရှိကာ အသွားအလာ ခေတ္တယာယီ ကန့်သတ်ထားကြောင်း သိရ သည်။

ယခု ကျိုက်ထိုမြို့နယ် ကျောက်တန်း လေးကျေးရွာတွင် ကိုဗစ်လူနာမှာ ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အတွင်း ပထမဆုံး ရောဂါ ပိုး ကူးစက်ခံထားရသည့် လူနာဖြစ်ကြောင်း လည်း ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာန က ဆိုထားသည်။

လက်ရှိတွင် ကျန်းမာရေးဌာန၊ ဌာနခွဲ အသီးသီးတွင် ကိုဗစ်ကာကွယ်ဆေး (pfizer) ကို ထိုးနှံပေးနေကြောင်း နှင့် ခြောက်လပြည့် ပြီးလူတိုင်းအပိုဆောင်း ကိုဗစ်ကာကွယ်ဆေး ထပ်မံထိုးကြရန်လည်း ကျိုက်ထိုမြို့နယ် ကျန်း မာရေးဦးစီးဌာနက အသိပေးတိုက်တွန်း ထားသည်။

COVID-19 ကူးစက်ကပ်ရောဂါ ဖြစ်ပွား မှုအများဆုံးကာလဖြစ်ခဲ့သည့် ၂၀၂၂ ခုနှစ်အ တွင်း မွန်ပြည်နယ်၌ အတည်ပြုလူနာသစ် ပေါင်း ၅၁၉၃ ဦးရှိခဲ့ပြီး၊ လူနာပေါင်း ၈၃ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်း မာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

 

Most Read

Most Recent