အရောင်းအဝယ်အေးပြီး အငှားစျေးကွက်သာ ဦးဆောင်နေဆဲ ရန်ကုန်မြို့ အိမ်ခြံမြေစျေးကွက်       

အရောင်းအဝယ်အေးပြီး အငှားစျေးကွက်သာ ဦးဆောင်နေဆဲ ရန်ကုန်မြို့ အိမ်ခြံမြေစျေးကွက်       
ရန်ကုန်မြို့ရှိ နေအိမ်၊ ခြံဝင်း၊ တိုက်ခန်းများကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ နေအိမ်၊ ခြံဝင်း၊ တိုက်ခန်းများကို တွေ့ရစဉ်
Published 12 May 2024

  မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍအထူး သဖြင့် ရန်ကုန်မြို့၏ အိမ်ခြံမြေစျေးကွက် အနေအထားသည် လက်ရှိအချိန်တွင် အရောင်းအဝယ်အေးနေကာ အငှားစျေးကွက်အတွင်းသာ အငှားသွက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

လက်ရှိအိမ်ခြံမြေစျေးကွက်အခြေအ နေနှင့်ပတ်သက်ပြီး “အခုလက်ရှိအခြေအနေ ကတော့ အေးနေတယ်ပြောရမှာပေါ့။ အိမ်ခြံ မြေနဲနဲအေးနေတယ်”ဟုမြန်မာနိုင်ငံအိမ် ခြံ မြေဝန်ဆောင်မှုအသင်း ဗဟိုဥက္ကဋ္ဌဒေါ် မို့ မို့အောင်က ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ အိမ်ရာအငှားစျေးကွက် အနေဖြင့် လုံးချင်းအနေဖြင့် ငှားရမ်းမှုနည်း ပါးကြောင်းနှင့် ကျပ်နှစ်သိန်းမှငါးသိန်းကြား ရှိ အိမ်ခန်းများ အငှားသွက်နေကြောင်းလည်း  သိရသည်။

“အငှားအနေနဲ့ ရန်ကုန်မြို့မှာ လုံးချင်း အငှားတော်တော်နဲတယ်။ နိုင်ငံခြားသားက လုံးချင်းအငှားများတာကိုး၊အခန်းလွတ်တွေ တော်တော်များတယ်။ တကယ်တမ်းအငှား များနေတာက နှစ်သိန်း၊သုံးသိန်း၊ ငါးသိန်း ထက်မပိုတဲ့အခန်းလေးတွေ၊ ဒါတွေက မြန် မာပြည်ထဲကလူတွေပေါ့။ တချို့နယ်က က လေးတွေအလုပ်လာလုပ်တယ်၊အဆောင် ငှားနေတယ်။ အဲဒါမျိုးတွေကတော့ အငှား တွေဖြစ်နေတာပေါ့နော်။ အငှားကြီးကြီးမား မားတွေမဖြစ်ပါဘူး။ အရင်ကဆိုရင် ကွန်ဒို  facility အပြည့်နဲ့ဆိုရင် ၁၈ သိန်း၊  သိန်း ၂ဝလောက်ရှိတယ်။ အခုဆိုရင် အဲဒီစျေးမရှိ တော့ဘူး၊ ၁၀ သိန်း၊ ၁၅ သိန်းကြား ပဲရှိတော့ တယ်။ ရိုးရိုးဘာမှမပါတဲ့ ဘာfacility မပါ တဲ့ကွန်ဒိုဆိုရင် ၁၀ သိန်းအောက်မှာပဲ ရှိ တယ်။ ဒါဆိုရင် ကျတဲ့ဘက်ကို သွားနေ တယ် လို့ပဲ ပြောရမှာပေါ့”ဟု ဥက္ကဋ္ဌဒေါ်မို့မို့ အောင်က ဆိုသည်။

ထို့ပြင် ရန်ကုန်မြို့သို့ ရွှေ့ပြောင်းအခြေ ချနေထိုင်သူများ ယခုနှစ်ပိုင်းအတွင်း ပိုမိုများ ပြားလာသဖြင့် အိမ်ခြံမြေအဝယ်ထက် ငှား ရမ်းသည့်စျေးကွက်ပိုမိုအလုပ်ဖြစ်နေခြင်း ဖြစ်ကြောင်းလည်း အိမ်ခြံမြေအကျိုးဆောင် အချို့က ပြောကြားသည်။

လက်ရှိအချိန်တွင် အိမ်ခြံမြေအေးနေ ရခြင်းမှာ အချို့သော ရင်းနှီးမြှုပ်နှံသူများက  ငွေရင်းထားနိုင်သော်လည်း အချို့မှာမူ ငွေလို နေ၍ဖြစ်စေ အခြားအကြောင်းအရာတစ်ခု ခုကြောင့်ဖြစ်စေ လျှော့စျေးဖြင့် ပြန်လည် ရောင်းချမှုများလည်း ရှိနေကြောင်း သိရ သည်။

“အရင်တုန်းက အ ရောင်းအဝယ်တွေ ကောင်း တယ်၊ စျေးတွေ တက်တာမှန်တယ်။ အခုချိန်မှာစျေးတွေကျတယ်။ တချို့ကျ တော့လည်း ရင်းနှီးမြှုပ်နှံသူတွေကျတော့ လည်း ငွေရင်းထားနိုင်သူတွေ ကျတော့လည်း ရင်းထားတာပေါ့။တချို့ကျ တော့လည်း အဲ လိုမဟုတ်ဘူးပေါ့။စုပေါင်းစပ်ပေါင်းဝယ် ထားတာတွေရှိတယ်။  တချို့ကျတော့လည်း ငွေတိုးတွေနဲ့ယူတဲ့အခါကျတော့  စျေးကျ တာ ဘယ်လောက်အထိကျလဲမသိတဲ့အခါ ကျတော့ လျှော့စျေးနဲ့ ပြန် ရောင်းလိုက်ရ တာပေါ့။ တချို့ကျတော့ သိမ်းထားတယ်။ တချို့ကျတော့ လျှော့စျေးနဲ့ ပြန် ရောင်းတယ်။ ဒါကတော့ ခေတ်အဆက် ဆက်ရှိတာပါ”ဟု   ရန်ကုန်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦး က ပြောကြားခဲ့သည်။

အိမ်ခြံမြေစျေးကွက်အေးနေသည့်အပေါ်  မြန်မာနိုင်ငံအိမ် ခြံ မြေဝန်ဆောင်မှု အသင်း ဗဟိုဥက္ကဋ္ဌဒေါ် မို့ မို့အောင်က “အခု နှစ်လလောက်ရှိပြီ အေးနေတာ ။ အဓိ ကအေးနေရတဲ့အကြောင်းအရင်းကတော့ အခွန်တွေမှာ သေချာစစ်ဆေးမှုတွေ ရှိနေတယ်။ special powewr ,general power  တွေနဲ့ အခွန်မဆောင်ထားလို့ရှိရင် စာချုပ် မ ချုပ်ဘူး ဆိုတဲ့ဟာတွေရှိတယ်။ ဒီဇင်ဘာ၁ ရက်က စပြီး ပြောင်းလဲ လိုက်တာ ပေါ့နော်။ အရင်တုန်းကတော့ special powewr ,general power  တွေနဲ့ ချုပ်ခွင့် ပေးထားတယ်။ အခု နောက်ပိုင်းမှာ special powewr ,general power  တွေက အခွန် ဆောင်ထားပြီးမှသာ လျှင် ချုပ်ခွင့်ပေးတယ်”ဟု ပြောကြားခဲ့သည်။

လယ်ယာမြေ၊အိမ်ခြံမြေအပါအဝင် မ ရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများ၏ရောင်းချ မှုအပြီး ကိုယ်စားလှယ်လွှဲ(GP, SP) ကို မှတ် ပုံတင်ပေးရန် ဦးစွာလျှောက်ထားခွင့်မပြု တော့ကြောင်း မြို့တော်စာချုပ်စာတမ်းမှတ် တမ်းရုံးက အသိပေးထားသည်။ မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန်အက်ဥပဒေအပါအဝင် သက် ဆိုင်ရာအခွန် ဥပဒေများနှင့်အညီ ကျ သင့်သည့်အခွန်များကို  အရင်ပေးဆောင်ပြီး ပိုင်ဆိုင်မှု အလွှဲအပြောင်းစာချုပ်စာတမ်းကို လာရောက်မှတ်ပုံတင်သည့်အချိန်မှသာ အ ထွေထေ ွကိုယ်စားလှယ်လွှဲစာ(GP, SP) ကို  မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ကြောင်း I Myanmar House.com မှ သိရသည်။

“တစ်ခုတော့ သတင်းစကားပါးချင် တယ်။ တချို့ဆိုရင် မိဘတွေက အိပ်ယာထဲက မထနိုင်တာပေါ့နော်။ မထနိုင်တဲ့လူ တွေအ တွက်ကျ သားသမီးကို ပေးတာရှိ တယ်။ အဲဒါမျိုးတွေတော့ စဉ်းစားပေးဖို့လို အပ်တယ်လို့မြင်တယ်။ လေဖြတ်နေတဲ့လူ တစ်ယောက်ကို ဘယ်လိုလုပ်ပြီးတော့ ရုံးကို ခေါ်လာမလဲ၊ ခေါ်မလာနိုင်ဘူးလေ။ အဲ တော့ သားသမီးတစ်ယောက်ယောက်ကို  special power ပေးမယ်၊general power ပေးမယ်။ အဲဒါမျိုးတွေကျတော့ သေချာစိ စစ်ပြီးမှ စာချုပ်ကိုချုပ်ပြီးလက်ခံချုပ်ပေး သင့်တယ် လို့ ကျွန်မကတော့ မြင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတကာမှလုပ်ငန်းရှင်များ ၏ မြန်မာ့အိမ်ခြံမြေကဏ္ဍတွင် လာရောက် ရင်းနှီးမြှုပ်နှံမှုမှာလည်း နည်းပါးနေကြောင်း၊  ၂၀၂၄ ခုနှစ် ဧပြီလကုန်အထိ မြန်မာ နိုင်ငံ၏အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၆၀၃ သန်းကျော် မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၇ ဒသမ ၀၈ ရာ ခိုင်နှုန်းရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပ ဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် သည့် စာရင်းများအရ သိရသည်။

“လောလောဆယ်တော့ ပြည်ပရင်းနှီး မြှုပ်နှံမှုတွေ အရမ်းအားနဲနေတယ်လို့ပဲ ပြော ရမှာပေါ့နော်။နိုင်ငံတကာက လာပြီးရင်း နှီးမြှုပ်နှံရင်  သူတို့က တစ်ဦးတစ်ယောက် ထဲလာပြီးရင်းနှီးမြှုပ်နှံတာမဟုတ်ဘူးလေ။ အဖွဲ့လိုက်၊ဂရုလိုက်လာပြီး မြှုပ်နှံတာလေ။ သူတို့လည်း လေ့လာပြီး အများကြီးသုံး သပ်ပြီးမှ၊ ပညာရှင်တွေ လေ့လာသုံးသပ် ပြီးတော့မှ လာပြီး ရင်းနှီးမြှုပ်နှံလိမ့်မယ်လို့ ထင်ပါတယ်”ဟု လုပ်ငန်းရှင်တစ်ဦးက ပြော ကြားခဲ့သည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန် ကုန်တိုင်းဒေသကြီးအတွင်း မြေရောင်း ဝယ် ခြင်းအပေါ် အခွန်စည်းကြပ်ရန်နှုန်းထား များထုတ်ပြန်ထားပြီး ကမာရွတ်မြို့နယ် ပြည် လမ်းမြေနေရာရောင်းဝယ်ခြင်းအပေါ် တစ်စတုရန်းပေအတွက် ကျပ်ခြောက်သိန်း အထိ အခွန်စည်းကြပ်မည်ဖြစ်ကြောင်း ပြည်  တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထား သည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန် ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် မြေ ရောင်း/ဝယ်ခြင်းများအပေါ် အခွန်စည် းကြပ်မည့်နှုန်းထားများထုတ်ပြန်ထားရာ လမ်းမတော်မြို့နယ်အတွင်း တစ်စတုရန်း ပေလျှင် ကျပ် ၁၇၀၀၀၀ မှ ၃၄ဝဝဝဝအထိ လည်းကောင်း၊ ပန်းဘဲတန်းမြို့နယ်အတွင်း ကျပ်တစ်စတုရန်း ပေလ ျှင် ကျပ် ၁၇၀၀၀၀ မှ ၃၄ဝဝဝဝအထိ လည်းကောင်း၊ လသာမြို့ နယ်အတွင်း တစ်စတုရန်း ပေလျှင် ကျပ် ၁၇၀၀၀၀ မှ ၃၄ဝဝဝဝအထိ လည်းကောင်း၊  ဗိုလ်တထောင်မြို့နယ်အတွင်း တစ်စတုရန်း ပေလျှင် ကျပ် ၁၀၀၀၀၀ မှ ၃၄ဝဝဝဝအထိ လည်းကောင်း၊ ပုစွန်တောင်မြို့နယ်အတွင်း တစ်စတုရန်း ပေလျှင် ကျပ် ၆၀၀၀၀ မှ ၃၄ဝဝဝဝအထိ လည်းကောင်း၊ ကျောက်တံ တားမြို့နယ်အတွင်း တစ်စတုရန်း ပေလျှင် ကျပ် ၂၁၀၀၀၀ မှ ၃၄ဝဝဝဝအထိ လည်း ကောင်း၊ ဒဂုံမြို့နယ်အတွင်း တစ်စတုရန်း ပေလျှင် ကျပ် ၁၇၀၀၀၀ မှ ၅ဝဝဝဝဝအထိ လည်းကောင်း၊ ဗဟန်းမြို့နယ်အတွင်း တစ်စတုရန်း ပေလျှင် ကျပ် ၁၃၀၀၀၀ မှ ၄၈ဝဝဝဝအထိ လည်းကောင်း အခွန်စည်း ကြမ်မည်ဖြစ်သည်။

မရမ်းကုန်းမြို့နယ်အတွင်း တစ်စတု ရန်းပေသတ်မှတ်တန်ဖိုး ကျပ် ၈၀၀၀၀ မှ ၅၅ဝဝဝဝအထိ လည်းကောင်း၊ စမ်းချောင်း မြို့နယ်အတွင်း တစ်စတု ရန်းပေသတ်မှတ် တန်ဖိုး ကျပ် ၇၀၀၀၀ မှ ၅၂ဝဝဝဝအထိ လည်းကောင်း၊လှိုင်မြို့နယ်အတွင်း တစ်စတု ရန်းပေသတ်မှတ်တန်ဖိုး ကျပ် ၉၀၀၀၀ မှ ၅၅ဝဝဝဝအထိ လည်းကောင်း၊ကမာရွတ် မြို့နယ်အတွင်း တစ်စတု ရန်းပေသတ်မှတ် တန်ဖိုး ကျပ် ၁၀၀၀၀၀ မှ ၆ဝဝဝဝဝအထိ လည်းကောင်း၊ တာမွေမြို့နယ်အတွင်း တစ်စတု ရန်းပေအတွက် သတ်မှတ်တန်ဖိုး ကျပ် ၈၀၀၀၀ မှ ၃၂ဝဝဝဝအထိ လည်း ကောင်း၊တောင်ဥက္ကလာမြို့နယ်အတွင်း တစ်စတု ရန်းပေအတွက် သတ်မှတ်တန်ဖိုး ကျပ် ၇၀၀၀၀ မှ ၃၄ဝဝဝဝအထိ လည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်း တစ်စတု ရန်းပေအတွက် သတ်မှတ် တန်ဖိုး ကျပ် ၇၀၀၀၀ မှ ၃၂ဝဝဝဝအထိ လည်းကောင်း၊ ရန်ကင်းမြို့နယ်အတွင်း တစ်စတု ရန်းပေသတ်မှတ်တန်ဖိုး ကျပ် ၈၀၀၀၀ မှ ၅၅ဝဝဝဝအထိ လည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း တစ်စတု ရန်းပေအတွက် သတ်မှတ်တန်ဖိုး ကျပ် ၅၅၀၀၀ မှ ၃ဝဝဝဝဝအထိ လည်းကောင်း၊ အလုံမြို့နယ်အတွင်း တစ်စတု ရန်းပေသတ်မှတ်တန်ဖိုး ကျပ် ၈၅၀၀၀ မှ ၃ဝဝဝဝဝအထိ လည်းကောင်း၊သင်္ဃန်းကျွန်း မြို့နယ်အတွင်း တစ်စတု ရန်းပေအတွက် သတ်မှတ်တန်ဖိုး ကျပ် ၅၅၀၀၀ မှ ၃၄ဝဝဝဝအထိ လည်းကောင်း၊ အင်းစိန်မြို့ နယ်အတွင်း တစ်စတု ရန်းပေအတွက် သတ် မှတ် တန်ဖိုး ကျပ် ၃၀၀၀၀ မှ ၃၄ဝဝဝဝအထိ လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်အ တွင်း တစ်စတုရန်းပေအတွက် သတ်မှတ် တန်ဖိုး ကျပ် ၃၀၀၀၀ မှ ၁၅ဝဝဝဝအထိ လည်းကောင်း၊ သာကေတမြို့နယ်အတွင်း တစ်စတု ရန်းပေသတ်မှတ်တန်ဖိုး ကျပ် ၂၁၀၀၀ မှ ၈၅ဝဝဝအထိ လည်းကောင်း သတ်မှတ်ထားပြီး စက်မှုဇုန်လမ်းမတွင် တစ် ဧကသတ်မှတ်တန်ဖိုး ကျပ်သိန်း ၂၂၀၀ နှင့် အတွင်းလမ်းတွင် ကျပ်သိန်း ၁၈၀၀ သတ် မှတ်ထားသည်။

ဒေါပုံမြို့နယ်အတွင်း တစ်စတု ရန်းပေအတွက် သတ်မှတ်တန်ဖိုး ကျပ် ၄၅၀၀၀ မှ၈၅ဝဝဝအထိ လည်းကောင်း၊ဒ လမြို့နယ်အတွင်း တစ်စတု ရန်းပေသတ်မှတ်တန်ဖိုး ကျပ် ၃၀၀၀၀ မှ ၅ဝဝဝဝအထိ လည်းကောင်း၊လှိုင်သာယာ မြို့နယ်အတွင်း တစ်စတု ရန်းပေအတွက် သတ်မှတ်တန်ဖိုး ကျပ် ၃၀၀၀၀ မှ ၁၂ဝဝဝဝအထိ လည်းကောင်း၊ ရွှေပြည်သာ မြို့နယ်အတွင်း တစ်စတုရန်းပေသတ် မှတ်တန်ဖိုး ကျပ် ၇၀၀၀ မှ ၃၅ဝဝဝအထိ လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်အတွင်း တစ်စတုရန်းပေအတွက် သတ်မှတ်တန်ဖိုး ကျပ် ၂၅၀၀၀ မှ ၈၅ဝဝဝအထိ လည်း ကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အ တွင်း တစ်စတု ရန်းပေအတွက် သတ်မှတ် တန်ဖိုး ကျပ် ၅၀၀၀၀ မှ ၂၅ဝဝဝဝအထိ လည်းကောင်း၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အ တွင်း တစ်စတု ရန်းပေအတွက် သတ်မှတ် တန်ဖိုး ကျပ် ၃၀၀၀၀ မှ ၁၀၀၀၀၀ အထိ လည်းကောင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အ တွင်း တစ်စတု ရန်းပေအတွက် သတ်မှတ် တန်ဖိုး ကျပ်၂၀၀၀၀ မှ ၁၁ဝဝဝဝအထိ လည်းကောင်း၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အ တွင်း တစ်စတု ရန်းပေအတွက် သတ်မှတ် တန်ဖိုး ကျပ် ၂၀၀၀၀ မှ ၄ဝဝဝဝအထိ လည်းကောင်း၊ ကျောက်တန်းမြို့နယ်အတွင်း တစ်စတု ရန်းပေအတွက် သတ်မှတ် တန်ဖိုး ကျပ် ၃၀၀၀ မှ ၆၀၀၀ အထိ လည်းကောင်း စ သည် ဖြင့် အသီးသီးသတ်မှတ်ထားသည်။

“ဒီနှုန်းထားတွေက ပြည်တွင်းအခွန်က နှစ်တိုင်းထုတ်တဲ့အခွန်နှုန်းထားတွေပါ။ စျေး ကွက်ကတော့ အရောင်းအဝယ်အေးနေဆဲ။   လက်ရှိအခြေအနေအရ အိမ်ခြံမြေအရောင် းအဝယ်နဲ့ပတ်သက်ပြီး ခန့်မှန်းဖို့က မလွယ် ဘူး။ အများစုက အိမ်ခြံမြေမှာထက် ရွှေဝယ် စုနေကြတာများတယ်။ နိုင်ငံခြားသားတွေ များများလာရင် လုံးချင်းအိမ်တွေအငှား သွက်တယ်။ အခုသိပ်မလာတော့ လုံးချင်း အိမ်တော်တော်များများ မငှားကြရဘူး။နှစ်သိန်း၊ သုံးသိန်းအငှားစျေးကွက်က တော့ ပုံမှန်အတိုင်း ရှိနေတာပေါ့လေ။ အဲတော့ ခြံပြောရရင် အားလုံးသော အခြေအနေတွေကတော့ နိုင်ငံရေးအ ခြေအ နေ အပေါ် မူတည်နေပါတယ်”ဟု အိမ်ခြံ မြေ အကျိုးဆောင်တစ်ဦးက သုံးသပ်ပြောကြား ခဲ့သည်။

 

                  

 

         

         

         

Most Read

Most Recent