ဘိုင်ယန်မြူးနစ်နှင့်ပွဲစဉ်တွင် ရီးယဲလ်အသင်းလူစာရင်း၌ ဂိုးသမား ကော်တိုအာ ပြန်လည်ပါဝင်လာ

ဘိုင်ယန်မြူးနစ်နှင့်ပွဲစဉ်တွင် ရီးယဲလ်အသင်းလူစာရင်း၌ ဂိုးသမား ကော်တိုအာ ပြန်လည်ပါဝင်လာ
Photo : Getty Images
Photo : Getty Images
Published 29 April 2024

ပြီးခဲ့သည့် သြဂုတ်လကတည်းက ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသည့် ရီးယဲလ်မက်ဒရစ်အသင်း၏ ဘယ်လ်ဂျီယံဝါရင့်ဂိုးသမားကော်တိုအာ (၃၁ နှစ်)သည် ယခုအခါဒဏ်ရာမှပြန်လည်သက်သာလာပြီးနောက် လေ့ကျင့်ရေးအစီအစဉ်များပြန်လည်ပြုလုပ်နေပြီး ဘိုင်ယန်မြူးနစ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် ရီးယဲလ်အသင်း၏လူစာရင်း၌ ပြန်လည်ပါဝင်လာခဲ့ကြောင်းသိရသည်။

ကော်တိုအာသည် ရီးယဲလ်အသင်း၏ အဓိက ဂိုးသမားအဖြစ် ကာလရှည်လက်စွမ်းပြခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီကြို ကာလတွင် ပြင်းထန်သည့် ဒူးအရွတ်ဒဏ်ရာကို ရရှိခဲ့သူဖြစ်သည်။

ရီးယဲလ်အသင်းသည် ကော်တိုအာအနားယူသည့်ကာလအတွင်း ချယ်လ်ဆီးအသင်းမှ စပိန်ဂိုးသမား ကယ်ပါအား အငှားခေါ်ယူခဲ့သလို၊ အရန်ဂိုးသမားတစ်ဦးဖြစ်သည့် လူနင်အား အဓိကဂိုးသမားအဖြစ်အသုံးပြုစေခဲ့သည်။

ကော်တိုအာသည် လက်ရှိတွင် ဒဏ်ရာမှရာနှုန်းပြည့်ပြန်လည်သက်သာနေပြီး ဘိုင်ယန်မြူးနစ်နှင့်ပွဲစဉ်တွင်လည်း ပွဲထွက်ခွင့်ရရှိရန် အခြေအနေကောင်း နေကြောင်းသိရသည်။

Most Read

Most Recent