■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 15 March 2024

ဘန်လေ - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၉:၃၀ နာရီ)

ဘန်လေအသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းကို ဦးဆောင်ဂိုးတွေနဲ့ ကစားပြီးမှ သရေကျခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ ဘန်လေအတွက် ဒီလိုပွဲမျိုး၊ ဒီလိုအနေအထားမျိုးက ရှားရှားပါးပါးလို့ပဲ ပြောရမယ်။ ခြေစွမ်းပိုင်းက ဘရန့်ဖို့ဒ်ကို လုံးဝမယှဉ်နိုင်ပါဘူး။ ဘရန့်ဖို့ဒ်ပဲ ကြိုက်တယ်။ အပြည်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တယ်။



လူတန် - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၉:၃၀ နာရီ)

လူတန်အသင်းက နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်နှစ်ပွဲဆက် တိုက်သရေကျခဲ့ပြီး နော်တင်ဟမ်အသင်းကတော့ နောက်ဆုံး (၃) ပွဲဆက် ရှုံးထားတယ်။ နှစ်သင်းစလုံးက ခြေစွမ်း သိပ်မဆိုးကြပဲ ရလဒ်တွေ ကျဆင်းနေတဲ့အသင်းတွေပါ။ တန်းဆင်းတိုက်ပွဲအတွက် ရုန်းကန်ရမယ့်ပွဲမှာ အိမ်ရှင်လူတန်ဘက်က ရပ်တည်သင့်တယ်။



ဖူလ်ဟမ် - စပါး (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၁၂:၀၀ နာရီ)

ခရစ္စတယ်ပဲလေ့စ်နဲ့ အက်စတွန်ဗီလာတို့ကို ဆက်တိုက်အနိုင်ကစားခဲ့တဲ့ စပါးရဲ့ Rhythm က ပြန်မှန်လာတယ်။ ကစားသမားတွေရဲ့ ယုံကြည်မှုရော၊ ခြေစွမ်းရော ပိုမြင့်လာတာတွေ့ရပြီး ဒဏ်ရာရကစားသမားတော်တော်များများ ပြန်ကစားလာနိုင်တဲ့အတွက် Squad Depth ပိုတောင့်တင်းလာတယ်။ ပိုစတီဂိုဂလူးအတွက်လည်း ရွေးချယ်စရာ ပိုများလာတယ်။ ဗန်ဒီဗန်နေရာမှာလည်း ဒရာဂူဆင် အစားဝင်နိုင်တဲ့အတွက် စပါးအတွက်ပြဿနာမရှိပါဘူး။ ဖူလ်ဟမ်က ကစားသမားကောင်းတွေရှိသလို ရလဒ်ကောင်းနေတဲ့အသင်းလည်းဖြစ်ပေမယ့် စပါးကိုပဲ ကြိုက်တယ်။ 

Most Read

Most Recent