ပရီးမီးယားလိဂ်ပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 7 April 2024

မန်ယူ - လီဗာပူးလ် (တနင်္ဂနွေည ၉း၀၀ နာရီ)

မန်ယူနိုက်တက်အသင်းအတွက် မျှော်လင့်ချက် ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ လီဗာပူးလ်အသင်းနဲ့ ပွဲတွေမှာ အစွမ်း ကုန် ရုန်းကန်လေ့ရှိပါတယ်။ မနှစ်က အန်ဖီးလ်မှာ ဂိုးပြတ်ရှုံးခဲ့တဲ့ ရာသီမှာလည်း ယူနိုက်တက်က သူတို့အိမ်ကွင်းမှာတော့ အ နိုင်ကစားနိုင်စွမ်းရှိခဲ့တယ်။ ဒီရာသီ FA ဖလားပြိုင်ပွဲမှာလည်း အိမ်ကွင်းမှာ လီဗာပူးလ်ကို ဖြုတ်ချနိုင်ခဲ့တယ်။ ဒါကြောင့် ဒီပွဲအ တွက် အိမ်ကွင်းမှာတော့ ယူနိုက်တက်က ယုံကြည်မှု ရှိနေလိမ့်မယ်။ လီဗာပူးလ်အတွက်ကတော့ FA ဖလားပြိုင်ပွဲတုန်းက ရှုံး ခဲ့ပေမယ့် အနိုင်ရသင့်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့သလို၊ ဒီပွဲက FA ဖလားပြိုင်ပွဲထက် ပိုအရေးကြီးတယ်။ လီဗာပူးလ်က လူပိုစုံ လာသလို၊ မန်ယူနိုက်တက်ရဲ့ ခံစစ်ပိုင်းမှာလည်း ပြဿနာ တချို့ရှိနေတယ်။ ခြေစွမ်းပိုင်းအရလည်း လီဗာပူးလ်က ပုံမှန်ခြေ ပျောက်သွားတယ်ဆိုတာ ရှားပါတယ်။ လီဗာပူးလ်ပဲ ကြိုက်တယ်။ 

ရှက်ဖီးယူနိုက်တက် - ချယ်လ်ဆီး (တန(င်္ဂနွေည ၁၁း၀၀ နာရီ)

ချယ်လ်ဆီးအသင်းက သေချာပေါက် နိုင်သင့်တယ်ဆိုတဲ့ ပွဲတွေကိုလည်း ဖြုန်းတီး ပစ်နေတာ စိတ်ပျက်စရာပါ။ ဘန်လေကို သရေကျတဲ့ပွဲကတော့ ဒီရာသီမှာ စိတ်ပျက်စရာ အကောင်းဆုံး အခြေအနေတွေထဲက တစ်ပွဲလို့ ပြောရမယ်။ ဘာပဲပြောပြော ဥရောပဝင် ခွင့်မျှော်လင့်ချက်ငွေ့ငွေ့အတွက် ရှက်ဖီးယူနိုက်တက်ကိုတော့ အနိုင်ကစားရဦးမှာပဲ။ နိုင် ပွဲလည်း ရနိုင်ပါတယ်။ 

စပါး - နော်တင်ဟမ် (တနင်္ဂနွေည ၁၁း၃၀ နာရီ)

စပါးက နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာ လူတန်ကို ခက်ခက်ခဲခဲ နိုင်ပြီး၊ ဝက်စ်ဟမ်း ကိုလည်း ခက်ခက်ခဲခဲ သရေကျခဲ့တယ်။ စပါးရဲ့ ခြေစွမ်းက မဆိုးပေမယ့် နောက်ပိုင်းပွဲတွေ မှာ ရလဒ်ကောင်းကို ခက်ခက်ခဲခဲ ယူနေရတယ်။ နော်တင်ဟမ်အသင်းကလည်း တန်းဆင်း ဇုန်တိုက်ပွဲအတွက် ရုန်းနေရသလို ပွဲကျပ်တွေချည်း ထပ်နေလို့ ဒီပွဲမှာလည်း အစွမ်းကုန် ရုန်းကန်ရမှာပါ။ဒါပေမဲ့ အိမ်ရှင် စပါးကိုပဲ ကြိုက်တယ်။ 

Most Read

Most Recent