ပြင်သစ်လီဂူး၊ ဘွန်ဒစ်လီဂါနှင့် စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပြင်သစ်လီဂူး၊ ဘွန်ဒစ်လီဂါနှင့် စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 5 April 2024

လိုင်လီ နှင့် မာဆေးလ် (မြန်မာစံတော်ချိန် စနေနံနက် ၁း၃၀ နာရီ)

လိုင်လီက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့မရသလို မာဆေးလ်က ဥရောပဝင်ခွင့်အတွက် အမှတ်လိုနေပါတယ်။ အစဉ်အလာအရလည်း ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်ဖြစ်လို့ ရင်ခုန်ရဦးမှာပါ။ အိမ်ရှင်လိုင်လီအမှတ်ရအောင်ကစားပါလိမ့်မယ်။

ဖရန့်ဖတ် နှင့် ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် စနေနံနက် ၁းဝ၀ နာရီ)

၀ါဒါဘရီမင်အသင်း နောက်ဆုံးကစားထားတဲ့ (၄)ပွဲဆက်တိုက် အရေးနိမ့်ထားခဲ့တယ်။ ဖရန့်ဖတ် အိမ်ကွင်းမှာ နိုင်ပွဲပြန်ရဖို့များတယ်။

ဆလာနီတာနာ နှင့် ဆာဆူအိုလို (မြန်မာစံတော်ချိန် စနေနံနက် ၁း၁၅ နာရီ)

ဆလာနီတာနာက စိတ်ပျက်စရာကစားပုံနဲ့ ရှုံးပွဲဆက်နေတယ်။ ဆာဆူအိုလိုကတော့ ရလဒ်တွေ ကျဆင်းနေတယ်ဆိုပေမဲ့ တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ ကြိုးစားနေတယ်။ ဆာဆူအိုလိုကို ကြိုက်တယ်။