နောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ်ခံယူရနိုင်သည်ဟု ဂွါဒီယိုလာ ပြောကြား

နောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ်ခံယူရနိုင်သည်ဟု ဂွါဒီယိုလာ ပြောကြား
Photo: City Chief
Photo: City Chief
Published 5 April 2024

မန်စီးတီးအသင်း၏နည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ်ခံယူရနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

''ကျွန်တော်တို့ ပွဲတိုင်းကို အနိုင်ကစားနိုင်ရင် ချန်ပီယံအဆုံးအဖြတ်က နောက်ဆုံးပွဲစဉ်အထိ ရောက်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ (၅)မှတ်၊ (၆)မှတ်၊ (၇)မှတ် ပြတ်နေတာ မဟုတ်လို့ပါ။ လီဗာပူးလ်ရော အာဆင်နယ်အသင်းပါ အမှတ်လျော့တာကို မြင်တွေ့ရဖို့တော့ မလွယ်ကူပါဘူး။ ဒါပေမဲ့ ဘာတွေ ဖြစ်လာမလဲဆိုတာ မသိနိုင်ပါဘူး''ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

လက်ရှိချန်ပီယံ မန်စီးတီးအသင်းသည် ပွဲစဉ်(၃၀)အပြီး၌ လီဗာပူးလ်နှင့် အာဆင်နယ်တို့၏နောက် အမှတ်ပေးဇယား တတိယနေရာသို့ ရောက်ရှိနေသည်။

Most Read

Most Recent