မြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားရန် ရောက်ရှိလာသည့် ဆီးရီးယားအသင်းတွင် ကစားသမား ၂၄ ဦး ပါဝင်လာ

မြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားရန် ရောက်ရှိလာသည့် ဆီးရီးယားအသင်းတွင် ကစားသမား ၂၄ ဦး ပါဝင်လာ
Photo: MFF
Photo: MFF
Published 18 March 2024

 မြန်မာ့လက်ရွေးဝင်အသင်းနှင့် ယှဉ်ပြိုင်ကစားရန်ရောက်ရှိလာသည့် ဆီးရီးယားလက်ရွေးစင်အသင်းတွင် ကစားသမား ၂၄ ဦး လိုက်ပါလာကြောင်း သိရသည်။

ဆီးရီးယားလက်ရွေးစင်အသင်းနည်းပြဖြစ်သူ အာဂျင်းတီးနားလူမျိုး ဟက်တာကူးပါးသည် ယခုမတ်လအတွင်း မြန်မာ့လက်ရွေးစင်အသင်းနှင့် အိမ်ကွင်း၊ အဝေးကွင်းယှဉ်ပြိုင်ကစားရမည့်ပွဲနှစ်ပွဲအတွက်  ကစားသမား ၂၄ ဦးရွေးချယ်ထားခဲ့သည်။

ယူအေအီးကလပ် အယ်လ်ဝါဒါအသင်းတွင် ကစားနေသည့် ၀ါရင့်တိုက်စစ်မှူး အိုမာခရီဘင်နှင့် ထိုင်းကလပ် လမ်ဖွန်အသင်း(မောင်မောင်လွင်၏ ကစားဖော်) တွင်ကစားနေသည့် နောက်တန်းလူ မိုဟာမက်အော့စ်မန်တို့နှစ်ဦးမှာမူ ဒဏ်ရာများကြောင့် မြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ပွဲနှစ်ပွဲစလုံးကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဆီးရီးယားလက်ရွေးစင်အသင်းတို့သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုပွဲများအဖြစ် မတ် ၂၁ ရက်၊ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ပထမအကျော့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ဒုတိယအကျော့ကို ဆီးရီးယားလက်ရွေးစင်အသင်း၏ အိမ်ကွင်းပွဲအဖြစ် မတ် ၂၇ ရက်တွင် ကြားကွင်းဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

Most Read

Most Recent