ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 3 March 2024

ဘန်လေ - ဘုန်းမောက် (တနင်္ဂနွေည ရး၃၀ နာရီ)

ဘန်လေအသင်းက ကစားပုံ လျော့တိလျော့ရဲနဲ့ ကစားလိုက်သမျှ ပွဲတွေမှာလည်း ရလဒ်ဆိုးနေတာချည်းပဲ တွေ့ရတယ်။ ကစားကွက်နဲ့ ထိန်းချုပ်ကစားတတ်တဲ့ အသင်း လိုက် ကစားဟန်က ဘန်လေနဲ့ မလိုက်ပါဘူး။ အထူးသဖြင့် လိဂ်ချန်ပီယံရှစ်မှာ အောင်မြင် ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ မရဘူး။ ဘုန်းမောက်နဲ့ ရလဒ်တွေကျဆင်းနေတဲ့အသင်းပါ။ ဒါပေမဲ့ ဘန်လေထက်အများကြီးသာတယ်။ ဘုန်းမောက်ကို ကြိုက်တယ်။ 

မန်စီးတီး - မန်ယူ (တနင်္ဂနွေည ၁၀း၀၀ နာရီ)

မန်စီးတီးအသင်းက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲမှာ ၃ ဂိုးပဲ ရခဲ့တယ်။ ဒါပေမဲ့ လူတန်တောင်းအသင်း နဲ့ကစားခဲ့တဲ့ FA ဖလားပွဲမှာတော့ ဂိုးဒါဇင်ဝက်သွင်းသွားတာကို တွေ့ရတယ်။ ဂွါဒီယိုလာရဲ့အသင်းက ပုံစံ နှစ်မျိုးကို တွေ့ရ တယ်။ ဘောလုံးအထိန်းအသိမ်းနဲ့ ကိုင်ကစားတာ ကောင်းတဲ့ ကစားသမားတွေက ဦးဆောင်ပြီး ကစားနေတဲ့ ဘောလုံးပိုင်ဆိုင် မှု အခြေပြုကစားပုံနဲ့ တိုက်စစ်ကို ခပ်မြန်မြန်နဲ့ ထိထိရောက်ရောက် ကစားဖို့ ကြိုးစားပြီး လူငယ်တွေနဲ့ ဦးတည်ကစားတဲ့ ပုံစံ ပါ။ ဒါပေမဲ့ မန်စီးတီးရဲ့ ကစားဟန်အဟောင်းက ပြိုင်ဘက်တွေကို ပိုစိုးမိုးနိုင်ပြီး ဂိုးတွေလည်း ပိုသွင်းနိုင်စွမ်းရှိတာကို တွေ့ရ တယ်။ မန်ယူနိုက်တက်အသင်းက ဒီပွဲမှာ တန်ပြန်တိုက်စစ်၊ ခံစစ် စုစည်းမှုတွေနဲ့ ကစားမှာဖြစ်ပါတယ်။ ဒါပေမဲ့မန်စီးတီးကွင်း လယ်နဲ့ တိုက်စစ်ကို ထိန်းနိုင်မယ် မထင်ဘူး။ မန်စီးတီးပဲ နိုင်မယ်။ 

Most Read

Most Recent