■ နစက ဥက္ကဋ္ဌ နှင့် ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် အွန်လိုင်းမှ တွေ့ဆုံ ဆွေးနွေး

■ နစက ဥက္ကဋ္ဌ နှင့် ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် အွန်လိုင်းမှ တွေ့ဆုံ ဆွေးနွေး
Published 7 May 2024
Ref: Khmer Times

နစက ဥက္ကဋ္ဌ နှင့် ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် အွန်လိုင်းမှ တွေ့ဆုံ ဆွေးနွေး

ဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေး စဉ်းစားပေးရန် တိုက်တွန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားအထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်တို့ မေ ၇ ရက်တွင် ဗီဒီယိုကွန်ဖရန့်ဖြင့် တွေ့ဆုံခဲ့ကြသည်ဟု Khmer Times  ကဖော်ပြခဲ့သည်။

ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထပ်မံတွေ့ဆုံရသည့်အတွက် နှစ်ထောင်းအာရ ဖြစ်မိသည်ဟုပြောကြားခဲ့ပြီး အထက်လွှတ် တော်ဥက္ကဋ္ဌအဖြစ် ၎င်းရွေး ကောက်ခံရသည့်အတွက် ဝမ်းမြောက် ကြောင်းပြောကြားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကျေးဇူးတင်စကားပြောကြားကာ အွန်လိုင်းအစည်းအဝေးကို စတင်ခဲ့သည်။

ဆွေးနွေးပွဲ၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့်စပ်လျဉ်းသော ဖြစ်ပေါ်တိုးတက်မှု  အခြေအနေများကို ဖလှယ်ရန်နှင့် အပြန်အလှန် အလည်အပတ်ခရီးများအတွက် ဖြစ်နိုင်ခြေများကို လေ့လာရန်ဖြစ်သည်ဟု ဟွန်ဆန်က ပြောကြားခဲ့သည်။

အာဆီယံရေးရာကိစ္စရပ်များတွင် နှစ်ပေါင်းများစွာ လုပ်ဖော်ကိုင်ဖက်များအဖြစ်   အတိတ်က ပူးပေါင်းဆောင်ရွက်ခဲ့သည်များ ကို အလေးပေးခြင်းဖြင့် ဒေါ်အောင်ဆန်းစု ကြည်နှင့် ၎င်းတို့ အွန်လိုင်းတွင် တွေ့ဆုံနိုင်ရေးကို စဉ်းစားပေးရန် ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မေတ္တာရပ်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ဘုံသဘောတူညီ ချက်ငါးရပ် အကောင်အထည်ဖော်မှု အရေး ကြီးပုံကို ဟွန်ဆန်က အလေးပေးပြောကြား ခဲ့ပြီး ယင်းသို့ အကောင်အထည်ဖော်ရာတွင် တိုးတက်မှုရရှိခြင်းက ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အကောင်အထည်ဖော်ခြင်းကို မြန်မာနိုင်ငံက ဦးဆောင်သူအခန်းကဏ္ဍမှ ပါဝင်ဆောင် ရွက်သည့်အနေအထားကို ဖြစ်ပေါ်စေလိမ့် မည်ဟု ဆိုသည်။

ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံရေးနယ်ပယ်မှ မဟုတ်သော ကိုယ် စားလှယ်များကို စေလွှတ်ရန် နစက၏ဆုံး ဖြတ်ချက်လည်း ကြိုဆိုသည်ဟု ဟွန်ဆန်က ပြောကြားခဲ့ပြီး အရေးပါသည့် အာဆီယံ အစည်းအဝေးများအတွက် ကိုယ်စားလှယ်များ ဆက်လက်ခန့်အပ်ခြင်းကိုလည်း တိုက်တွန်းခဲ့သည်။

အထက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဟွန်ဆန်ရွေးကောက်ခံရသည့်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝမ်းမြောက်စကား ထပ်လောင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံ သို့လာရောက်စဉ်အတွင်း ဆောင်ရွက်ပေး ခဲ့မှုများအတွက် ဟွန်ဆန်ကို ကျေးဇူးတင် ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ချိန်တွင် မြန်မာ့အရေးဖြေရှင်း ပေးရန် ဟွန်ဆန်၏ကြိုးပမ်းအားထုတ်မှုများ ကို အသိအမှတ်ပြုသည်ဟု ပြောကြားခဲ့သည်။

အာဆီယံထိပ်သီးညီလာခံနှင့် အာဆီယံ ဆက်စပ်အစည်းအဝေးပွဲများသို့ နိုင်ငံရေး နယ်ပယ်မှမဟုတ်သော ကိုယ်စားလှယ်များ ကို ဆက်လက်စေလွှတ်ပေးမည်ဟု ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က အတည်ပြုပြော ကြားခဲ့သည်။

အခြားသော အဆိုပြုချက်များ ကိုလည်း ဂရုတစိုက် စဉ်းစားမည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ အဆိုပါ ကိစ္စရပ် များကို ထပ်မံဆွေးနွေးရေးအတွက်  မကြာမီ အထူးသံတမန်ကို ကမ္ဘောဒီးယားသို့ စေလွှတ် ပေးလိမ့်မည်ဟု ၎င်းကပြောကြားခဲ့သည်။

                                      

Most Read

Most Recent