နစက ဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် အစည်းအဝေးများ တက်ရောက်ခြင်းနှင့် တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်

နစက ဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် အစည်းအဝေးများ တက်ရောက်ခြင်းနှင့် တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်
Published 4 November 2024

နစက ဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် အစည်းအဝေးများ တက်ရောက်ခြင်းနှင့် တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်အတွင်း တရုတ်ပြည်နိုင်ငံ၊ ကူမင်းမြို့တွင် နိုဝင်ဘာ ၆ ရက်မှ ၇ ရက် အထိကျင်းပပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Subregion(GMS)၊ (၁၀)ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်းအဝေး 10th Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS)Summit နှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး 11th Cambodia-Lao PDR- Myanmar-Vietnam (CLMV) Summit တို့သို့ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နစက ဥက္ကဋ္ဌသည် ခရီးစဉ်အတွင်း တရုတ်နိုင်ငံ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent