အနောက်အုပ်စုကပံ့ပိုးသည့် လက်နက်ခဲယမ်းများ ယူကရိန်းသို့ ရောက်မလာမီ ရုရှားစစ်တပ်က ယူကရိန်းစစ်ဆင်ရေးကို တိုးမြှင့်လုပ်ဆောင်

အနောက်အုပ်စုကပံ့ပိုးသည့် လက်နက်ခဲယမ်းများ ယူကရိန်းသို့ ရောက်မလာမီ ရုရှားစစ်တပ်က ယူကရိန်းစစ်ဆင်ရေးကို တိုးမြှင့်လုပ်ဆောင်
ရုရှားထိန်းချုပ်ထားသည့် ဒိုးနက်ဒေသရှိ တစ်နေရာတွင် ရုရှားစစ်သားများ စစ်ရေးလေ့ကျင့်နေပုံကို ဧပြီ ၁၅ ရက်တွင် တွေ့ရစဉ်(Photo: AP)
ရုရှားထိန်းချုပ်ထားသည့် ဒိုးနက်ဒေသရှိ တစ်နေရာတွင် ရုရှားစစ်သားများ စစ်ရေးလေ့ကျင့်နေပုံကို ဧပြီ ၁၅ ရက်တွင် တွေ့ရစဉ်(Photo: AP)
Published 7 May 2024

အနောက်အုပ်စု၏ လက်နက်ဖြည့်တင်းပေးမှုများကို ယူကရိန်း စောင့်ဆိုင်းလျက်ရှိစဉ် ရုရှားက လွန်ခဲ့သောလတွင် ဒွန်းဘက်စ်ဒေသ၌ စစ်ဆင်ရေးများကို နှစ်ဆတိုးလုပ်ဆောင်ခဲ့ရာ တိုးတက်မှုများ သိသိသာသာရရှိခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီတွင် ဗဟာဗျူဟာကျသော အက်ဒီဗကာမြို့ကို သိမ်းပိုက်ပြီးကတည်းက ရုရှားနောက်ဆုံး သိမ်းပိုက်ထားသည့် အိုချီရီတိုင်းအနီး၌ မေ ၅ ရက်တွင် ပိန်းပိတ်မှောင်နေသော မီးခိုးများကို မြင်ရနိုင်သည်။

အက်ဒီဗကာမြို့ ကျသွားပြီးကတည်းက ပိုမိုကောင်းမွန်သည့် လက်နက်များတပ်ဆင်ထားပြီး အရေအတွက်ပိုများသော ရုရှားတပ်များသည် အနောက်စူးစူးကို မှန်မှန်ချီတက်လာခဲ့သည်။

စစ်ချီမှုသည် ဧပြီလလယ်တွင် ပိုမိုအရှိန်ရလာခဲ့သည်။

ကီလိုမီတာ ၇၀၀(၄၃၅ မိုင်)ရှည်လျားသော ရှေ့တန်းမျဉ်းကြောင်းတစ်လျှောက်၌ လွန်ခဲ့သော ၂၄ နာရီအတွင်းတွင် ရုရှားတိုက် ခိုက်မှုအကြိမ်ရေစုစုပေါင်း ၁၂၅ ကြိမ်ကို မှတ်တမ်းတင်ထားခဲ့သည်ဟု မေ ၅ ရက်တွင် ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းတိုက်ခိုက်မှုများထဲက တစ်ဝက်ကျော်သည် အိုချီရီတိုင်းအနီးဝန်းကျင်ဒေသနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံနေရသည့်  ယူကရိန်းထိန်းချုပ်ထားသော ချာဆစ်ယာမြို့ အနီးတို့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နှိုင်းယှဉ်လိုက် မည်ဆိုပါက မတ်လထဲက တစ်ရက်တွင်ယင်းဒေသနှစ်ခု၌ လုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှု ၂၁ ကြိမ်အပါအဝင်ရုရှားသည် တိုက်ခိုက်မှု ၅၃ ကြိမ်လုပ်ဆောင် ခဲ့သည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။

ကြီးကြီးမားမား အောင်မြင်မှုများမရခဲ့သော်လည်း ရုရှား၏စစ်ချီမှုက ယူကရိန်းနိုင် ငံတွင်အံ့အားသင့်မှုများနှင့်ဝေဖန်မှုများကို ပေါ်ပေါက်စေခဲ့သည်။

အိုချီရီတိုင်းဒေသ၌ ခံစစ်စည်းကျိုး ပေါက်မှုအတွက် ယင်းဒေသ၌ ချထားသော တပ်မဟာ၏ကွပ်ကဲရေးကို ယူကရိန်းစစ်တပ်နှင့်နီးစပ်သော DeepState တယ်လီဂရမ်ချယ်နယ်က အပြစ်တင်ခဲ့ပြီး အိုချီရီတိုင်းကျ သွားခြင်းသည် ကြီးမားသောဆုံးရှုံးမှုများထံ ဦးတည်စေသည်ဟု ဆိုသည်။

မိမိတို့တပ်မဟာ၏စစ်သားမျာသည် ထွက်မပြေးသော်လည်း ယင်းစစ်သားများသည်မိမိတို့၏ပစ်အားထက် ၁၀ ဆမှ ၁၅ ဆအထိ ပိုမိုအင်အားကြီးသော ရုရှားတို့၏ပစ်ခတ်မှုများကို နေ့စဉ်ခံနေရသည်ဟု ယင်းတပ်မဟာက Facebook တွင် ရေးသားခဲ့သည်။

ခဲယမ်းပြတ်လပ်မှုများဖြစ်ပေါ်နေသည်မှာ လချီရှိပြီဖြစ်ကြောင်း ယူကရိန်းက သတိပေးထားသည်။ အနောက်အုပ်စုကပံ့ပိုးသော လက်နက်များရောက်လာရန် အချိန်ကြန့်ကြာမှုများနှင့် ချီတုံချတုံဖြစ်ခြင်းများကို ယူကရိန်းက အပြစ်တင်ထားသည်။

အမေရိကန်သည် ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလျံရှိသော အကူအညီများကို လွန်ခဲ့သောလတွင် နောက်ဆုံးအတည်ပြုခဲ့သည်ဆိုသော်လည်း  စစ်မြေပြင်တွင် အဆိုပါအကူအညီများ အကောင်အထည်ပေါ် လာရေးသည် အချိန်ကြာလိမ့်မည်ဟု လေ့လာစောင့်ကြည့်နေသူများက သတိပေးထားသည်။ နှစ်လအတွင်း ခဲယမ်းများရောက်လာမည်ကို ရုရှားက သိရှိနေသည်ဟု ယူကရိန်းက ပြောသည်။                              

Ref: AFP

Most Read

Most Recent