ရေးမြို့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရေးမြို့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
Published 7 May 2024

မွန်ပြည်နယ် ရေးမြို့တွင် မေ ၅ ရက် မွန်း လွဲပိုင်းက ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူမှာ ရေးမြို့ မရဲစခန်းမှ နယ်ထိန်းအောင်သူ ဆိုသူဖြစ် ကြောင်း၊ ၎င်းင်းသည် မေ ၅ ရက် မွန်းလွဲ ၃ နာရီ ခန့် က ရေးမြို့ ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် သေနတ်သမား များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ် သည်ဟု သိရကြောင်း ရေးမြို့ခံတစ်ဦးက ပြော ကြားသည်။

၎င်းက ဆက်လက်ပြီး “နယ်ထိန်း အောင် သူက စားသောက်ဆိုင်မှာ ဘီယာသောက်နေ တဲ့အချိန်မှာ သေနတ်သမားတွေ ရောက်လာ ပြီး ပစ်ခတ်သွားတာလို့ သိရတယ်။ အခင်းဖြစ် တဲ့နေရာမှာပဲ သေဆုံးသွားပါတယ် ” ဟု ပြော ကြားသည်။

အဆိုပါ နယ်ထိန်းအောင်သူ ဆိုသူအား ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်းနှင့် ၎င်းင်းထံမှ လက်ကိုင်ဖုန်းတစ်လုံး နှင့် ရွှေဆွဲကြိုးတစ်ကုံးအား သိမ်းဆည်းရရှိ ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ၎င်းင်းတို့ အသုံးပြု သည့်လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသား ဖော်ပြထားချက်အရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ မွန် ပြည်နယ်အတွင်း လုပ်ကြံပစ်ခတ်မှုများကြောင့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအပါအဝင် ၃၃ ဦးထက်မနည်း သေဆုံးပြီး ခြောက် ဦးထက်မနည်း ဒဏ်ရာများရရှိခဲ့ကြောင်း သိ ရသည်။

Most Read

Most Recent