အယ်လ်ရှာဘတ်နှင့်ပွဲမှ အပြုအမူအတွက် မှားယွင်းကြောင်း စီရော်နယ်လ်ဒို ဝန်ခံခဲ့ပြီး ဆော်ဒီနိုင်ငံတွင် ထပ်မလုပ်တော့ဟု ပြောကြား

အယ်လ်ရှာဘတ်နှင့်ပွဲမှ အပြုအမူအတွက် မှားယွင်းကြောင်း စီရော်နယ်လ်ဒို ဝန်ခံခဲ့ပြီး ဆော်ဒီနိုင်ငံတွင် ထပ်မလုပ်တော့ဟု ပြောကြား
Photo: X
Photo: X
Published 11 March 2024

အယ်လ်နာဆာအသင်း၏ တိုုက်စစ်မှူး စီရော်နယ်လ်ဒိုက အယ်လ်ရှာဘတ်နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ပရိသတ်များအား မဖွယ်မရာပြုလုပ်ပြခဲ့ခြင်းအတွက် မှားယွင်းကြောင်း ဝန်ခံခဲ့ပြီး ယင်းအပြုအမူမျိုး ဆော်ဒီနိုင်ငံတွင် ထပ်မလုပ်တော့ဟု ပြောကြားခဲ့သည်။

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်လက အယ်လ်ရှာဘတ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် ပြိုင်ဘက်ပရိသတ်များက မက်ဆီ၏အမည်ကို အော်ဟစ်ကာ ၎င်းအား လှောင်ပြောင်ခဲ့သည့်အတွက် မဖွယ်မရာအပြုအမူ ပြုလုပ်ပြခဲ့ခြင်းဖြစ်သည်။

ယင်းအတွက် ဆော်ဒီဘောလုံးအဖွဲ့ချုပ်က ၎င်းကို တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေ ချမှတ်အရေးယူခဲ့ပြီးဖြစ်သည်။

ယခုအခါ သတင်းစာရှင်းလင်းပွဲတွင် စီရော်နယ်လ်ဒိုက ''နိုင်ငံအားလုံးရဲ့ ယဉ်ကျေးမှုကို ကျွန်တော် လေးစားပါတယ်။ ဒီနေ့ကိုလည်း လေးစားမှုထားပါတယ်။ ဒါပေမဲ့ လူတွေက အမြဲတမ်းတော့ အမှန်ကို မမြင်နိုင်ပါဘူး။ ကျွန်တော် ပြောခဲ့ပြီးသလို ထပ်ပြီးပြောရမယ်ဆိုရင် ဒီလိုအပြုအမူမျိုး ဒီနိုင်ငံမှာ ထပ်မလုပ်တော့ပါဘူး။ ဒါပေမဲ့ ဥရောပမှာဆိုရင်တော့ ဒါက တကယ့်ကို သာမန်ပါပဲ။ တစ်ခါတစ်ရံမှာ စိတ်ခံစားချက်တွေက တချို့သော အမှားအယွင်းတွေကို ပြုလုပ်မိအောင် ဦးဆောင်သွားလေ့ရှိပါတယ်''ဟု ပြောကြားခဲ့သည်။

ထို့ပြင် စီရော်နယ်လ်ဒိုက မိမိ၏ အပြုအမူအပေါ် အထင်အမြင် လွဲမှားခြင်း ခံရလေ့ရှိသည်ဟုလည်း ဆိုခဲ့သည်။

စီရော်နယ်လ်ဒိုက ဆော်ဒီနိုင်ငံတွင် နေထိုင်ရသည့် အခြေအနေကိုရော၊ အယ်လ်နာဆာအသင်းအတွက် ကစားရသည့် အခြေအနေကိုပါ ပျော်ရွှင်နေပြီး ယခုရာသီ၌ မိမိတို့အသင်းအနေဖြင့် ပြိုင်ပွဲတိုင်းတွင် ဆုဖလားအောင်ပွဲ ရယူနိုင်သည့် အခွင့်အရေး ရှိနေကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

 

Most Read

Most Recent