ပရီးမီးယားလိဂ်နှင့် FA ဖလားကွာတားဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်နှင့် FA ဖလားကွာတားဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 16 March 2024

 

■ ဝက်စ်ဟမ်း - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ည ၈း၃၀)

အက်စတွန်ဗီလာအတွက် လုံးဝအမှားမခံတဲ့ အနေအထားကို ရောက်နေပြီလို့ ဆိုရမယ်။ အဆင့် ၄ နေရာအတွက် တိုက်ရိုက်ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ စပါးအသင်းကို အိမ်ကွင်းမှာ အရှုံးပေးလိုက်ရတာက အက်စတွန်ဗီလာအတွက်တော်တော်လေး အထိနာစေခဲ့တယ်လို့လည်း ပြောရမယ်။ ဝက်စ်ဟမ်းကလည်း ဘရန့်ဖို့ဒ်၊ အဲဗာတန်တို့ကို နိုင်ခဲ့ပြီးှမှ ဘန်လေလို အသင်းကို အိမ်ကွင်းမှာ သရေပဲရခဲ့တာကြောင့် ဥရောပဝင်ခွင့်တစ်နေရာမျှော်လင့်ချက်အတွက် နစ်နာခဲ့တယ်။ ဒီပွဲက နှစ်သင်းစလုံး အမှတ်လိုနေတဲ့ အခြေအနေဖြစ်ပြီး ဗီလာကိုတော့ လက်ရှိ ခြေစွမ်းအရ ပိုကြိုက်ပါတယ်။ 

■ ဝက်စ်ဟမ်းအသင်း၏ ပရီးမီးယားလိဂ်နောက်ဆုံး (၅)ပွဲတွင် (၄)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၄)ဂိုးနှင့်အထက်တွင် ရှိခဲ့သည်။

■ အက်စတွန်ဗီလာအသင်းသည် ပြိုင်ပွဲစုံအဝေးကွင်းနောက်ဆုံး (၇)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ Clean Sheet (၅)ပွဲရရှိခဲ့သည်။

■ ချယ်လ်ဆီး - လက်စတာ (မြန်မာစံတော်ချိန် ည ရး၁၅)

လက်စတာက ပြီးခဲ့တဲ့ အဆင့်တုန်းက ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘုန်းမောက်အသင်းကိုကျော်ဖြတ်ပြီး တက်လာခဲ့တယ်။ ပရီးမီးယားလိဂ် အသင်းဟောင်းတစ်သင်းပီပီ အသင်းမှာ ကစားသမားကောင်းတွေအများကြီး  ရှိနေသေးတာကို တွေ့ရတယ်။ ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်း၊ လူအင်အားကို မယှဉ်နိုင်ရင်တောင် စုဖွဲ့မှုကောင်းကောင်းနဲ့ ချယ်လ်ဆီးကို ဒုက္ခပေးနိုင်မှာပါ။ ချယ်လ်ဆီးအသင်း ဂိုးမပြတ်ပဲ အနိုင်ရလိမ့်မယ်။ 

■ ချယ်လ်ဆီးအသင်းသည် လက်စတာနှင့်တွေ့ဆုံသည့် နောက်ဆုံး (၅)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ (၄)ပွဲအနိုင်ရရှိခဲ့သည်။

■ လက်စတာအသင်း၏ FA ဖလားအဝေးကွင်းနောက်ဆုံး (၆)ပွဲတွင် (၄)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၁)ဂိုးနှင့်အောက်သာရှိခဲ့သည်။

■ မန်ယူ - လီဗာပူးလ် (မြန်မာစံတော်ချိန် ည ၁ဝးဝ၀)

မတူခြားနားတဲ့ ရည်မှန်းချက်တွေနဲ့ အရေးပါနေတဲ့ ပွဲတစ်ပွဲဖြစ်တယ်။ မန်ယူနိုက်တက်အတွက်လည်း ဒီဖလားက ဒီရာသီမှာ သူတို့ မျှော်လင့်နိုင်တဲ့ တစ်ခုတည်းသော ဖလားဖြစ်ပြီး၊ လီဗာပူးလ်ကလည်း ကလော့ပ်ရဲ့ နောက်ဆုံးရာသီမှာ ရသမျှ ဖလား အကုန်ယူဖို့ ကြိုးပမ်းမှာ ဖြစ်တယ်။ နှစ်သင်းစလုံးက ဒီအောင်မြင်မှုကို ယူချင်ကြတာချင်းတူရင်တောင် မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်အတွက်ကတော့ အနာဂတ်အတွက်ပါ အရေးပါနေတဲ့ ဖလားဖြစ်နေတဲ့အတွက် ပိုပြီးဖိအားများလိမ့်မယ်ထင်တယ်။ လက်ရှိအနေအထားအရတော့ လီဗာပူးလ်ရဲ့ကစားဟန်၊ ကစားကွက်၊ တိုက်စစ်၊ ခံစစ် အစစအရာရာက ပိုသာနေပါတယ်။ လီဗာပူးလ်ကိုပဲ ကြိုက်တယ်။ 

■ မန်ယူအသင်းသည် FA ဖလားပြိုင်ပွဲအိမ်ကွင်း (၄)ပွဲဆက် အနိုင်ရရှိခဲ့ပြီး ထူးခြားသည်မှာ ယင်း (၄)ပွဲစလုံးကို (၃-၁)ရလဒ်များဖြင့် အနိုင်ရယူခဲ့ခြင်းဖြစ်သည်။

■ လီဗာပူးလ်အသင်း၏ FA ဖလားပြိုင်ပွဲ အဝေးကွင်းနောက်ဆုံး (၆)ပွဲတွင် (၄)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။

Most Read

Most Recent