မန်စီးတီးအသင်းသည် အနိုင်ရရန် တည်ဆောက်ထားသည့် စက်တစ်လုံးဖြစ်ပြီး ၎င်းတို့နှင့်ယှဉ်ပြိုင်ရသည်မှာ ခက်ခဲကြောင်း လီဗာပူးလ်နောက်ခံလူ အာနိုးလ် ဆို

မန်စီးတီးအသင်းသည် အနိုင်ရရန် တည်ဆောက်ထားသည့် စက်တစ်လုံးဖြစ်ပြီး ၎င်းတို့နှင့်ယှဉ်ပြိုင်ရသည်မှာ ခက်ခဲကြောင်း လီဗာပူးလ်နောက်ခံလူ အာနိုးလ် ဆို
Photo : Getty Images
Photo : Getty Images
Published 6 March 2024

လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ်က မန်စီးတီးအသင်းသည် အနိုင်ရရန် တည်ဆောက်ထားသည့် စက်တစ်လုံးဖြစ်ပြီး ၎င်းတို့နှင့် ယှဉ်ပြိုင်ရသည်မှာ ခက်ခဲကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီး၊ အာဆင်နယ်အသင်းတို့နှင့် အပြိုင်ဖြစ်နေသည်။ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေသည့် လီဗာပူးလ်အနေဖြင့် ဒုတိယနေရာမှ မန်စီးတီးအသင်းကို မတ်လ (၁၀) ရက်(တနင်္ဂနွေနေ့)တွင် အိမ်ကွင်း အန်ဖီးလ်၌ လက်ခံ ကစားရမည်ဖြစ်သည်။

ယင်းပွဲစဉ်မတိုင်မီ လီဗာပူးလ်နောက်ခံလူ အာနိုးလ်က မန်စီးတီးအသင်းမှာ အနိုင်ရရန် တည်ဆောက်ထားသည့် စက်တစ်လုံးဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာနိုးလ်က "မန်စီးတီးနဲ့ ယှဉ်ပြိုင်ရတာ အရမ်းခက်ခဲပါတယ်။ သူတို့ နဲ့ရင်ဆိုင်ရတာ အနိုင်ရဖို့တည်ဆောက်ထားတဲ့ စက်တစ်လုံးနဲ့ ယှဉ်ပြိုင်ရတာလို့ပါပဲ။ ဒါက မန်စီးတီးနဲ့ သူတို့အဖွဲ့ကို သရုပ်ဖော်ဖို့ အရိုးရှင်းဆုံးနည်းလမ်းပါပဲ။ သူတို့ဟာ ကျွန်တော်တို့ထက် ဆုဖလားတွေ ပိုရတယ်။ ပိုအောင်မြင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့နှစ်သင်းရဲ့အနေအထား၊ ဘဏ္ဍာရေးတွေကြောင့် ကျွန်တော်တို့ရတဲ့ ဆုဖလားတွေက သူတို့ ပိုပြီး ကျွန်တော်တို့အတွက် ပိုအဓိပ္ပာယ် ရှိပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent