ဥရောပထိပ်သီးလိဂ်(၅)ခု၌ ပရီးမီးယားလိဂ်ဒိုင်လူကြီးများ လစာအများဆုံးရရှိနေပြီး မှန်ကန်သည့်ဆုံးဖြတ်ချက် ချမှတ်နိုင်မှုအပေါ်မူတည်၌ ဆုကြေးထပ်မံရရှိ

ဥရောပထိပ်သီးလိဂ်(၅)ခု၌ ပရီးမီးယားလိဂ်ဒိုင်လူကြီးများ လစာအများဆုံးရရှိနေပြီး မှန်ကန်သည့်ဆုံးဖြတ်ချက် ချမှတ်နိုင်မှုအပေါ်မူတည်၌ ဆုကြေးထပ်မံရရှိ
Photo : Getty Images
Photo : Getty Images
Published 8 April 2024

ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ဒိုင်လူကြီးများသည် ဥရောပထိပ်သီးလိဂ်(၅)ခုမှ ဒိုင်လူကြီးများထဲတွင် လစာအများဆုံး ရရှိသူများအဖြစ် ဦးဆောင်နေကြောင်း သိရသည်။

ပရီးမီးယားလိဂ်ဒိုင်လူကြီးများသည် တစ်နှစ်လျှင် (၇၃၁၉၁)ပေါင်မှ (၁၄၇၂၅၈)ပေါင်အထိ ရရှိနေပြီး တစ်ပွဲကိုင်တွယ်လျှင် (၁၁၁၆)ပေါင်နှင့် အပိုဆုကြေးများ ထပ်မံရရှိကြောင်း သိရသည်။

လာလီဂါဒိုင်လူကြီးများက တစ်နှစ်လစာ (၁၂၄၂၅၆)ပေါင်ရရှိကာ ဒုတိယအများဆုံးအဖြစ် ရပ်တည်နေပြီး တစ်ပွဲကိုင်တွယ်လျှင် (၄၂၀၅)ပေါင် ထပ်မံရရှိကြောင်း သိရသည်။

ထို့ကြောင့် တစ်ပွဲချင်းကိုင်တွယ်ခရရှိမှုတွင် လာလီဂါဒိုင်လူကြီးများက အများဆုံးရရှိနေသော်လည်း ပရီးမီးယားလိဂ်ဒိုင်လူကြီးများက အရေးပါသည့် ဖြစ်ရပ်များ၌ မှန်ကန်သည့် ဆုံးဖြတ်ချက်ချမှတ်နိုင်ပါက အပိုဆုကြေး ထပ်မံရရှိကြောင်း သိရသည်။

သို့သော် လာလီဂါ ဒိုင်လူကြီးများသည် ကြော်ငြာခဝင်ငွေအဖြစ် တစ်နှစ်လျှင် ပေါင်(၂၀၀၀၀) ကျော် ထပ်မံရရှိကြောင်း သိရသည်။

ဥရောပထိပ်သီးလိဂ်(၅)ခုတွင် ဒိုင်လူကြီးများကို လစာအနည်းဆုံး ပေးချေနေသည်မှာ ဘွန်ဒစ်လီဂါဖြစ်ပြီး အမြင့်ဆုံးအဖြစ် တစ်နှစ်ပေါင် (၇၀၀၀၀)ကျော်သာရရှိကြောင်း သိရသည်။

စီးရီးအေဒိုင်လူကြီးများက တတိယအများဆုံး၊ ပြင်သစ်လီဂူးဒိုင်လူကြီးများက စတုတ္ထအများဆုံး ရရှိနေသည်။

Most Read

Most Recent