■ ပြင်သစ်လီဂူးပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူးပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 8 March 2024

လော်ရီယန့် - လိုင်ယွန် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၁၀:၃၀ နာရီ)

နှစ်သင်းစလုံးတန်းဆင်းဇုန်အန္တရာယ်ရှိနေပေမယ့် အကောင်းဆုံးပုံစံနဲ့အတူ ရုန်းထွက်ပြခဲ့တယ်။ နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲစီအနိုင်ရထားတဲ့ ခြေစွမ်းကလည်းအားရစရာပါ။ ဒီလိုပွဲမျိုးမှာတော့ အိမ်ရှင်အားသာနေတဲ့ လော်ရီယန့်နဲ့ အရဲစွန့်ကြည့်မယ်။



လန်းစ် - ဘရက်စ် (မြန်မာစံတော်ချိန် မတ်လ ၁၀ ရက် နံနက် ၂:၃၀ နာရီ)

နောက်ဆုံး (၃)ပွဲဆက်အနိုင်ကစားထားတဲ့ ဘရက်စ်အတွက် နောက်ထပ်ခက်ခဲမယ့်စမ်းသပ်မှုပါပဲ။ လက်ရှိခြေစွမ်းနဲ့ အတည်ငြိမ်မှုအရ ဘရက်စ်သာတယ်ဆိုပေမယ့် လန်းစ်ရဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက်နဲ့ အိမ်ကွင်းရုန်းအားကို လျှော့တွက်မရတာ အမှန်ပါ။ အိမ်ကွင်းမှာ အမှတ်ရအောင်ကြိုးစားမယ့် လန်းစ်ကိုပဲ ရွေးထားချင်တယ်။

Most Read

Most Recent