နှစ်မှတ်လျှော့ပြစ်ဒဏ်ကို အယူခံဝင်သွားမည်ဟု အဲဗာတန်အသင်း သတင်းထုတ်ပြန်

နှစ်မှတ်လျှော့ပြစ်ဒဏ်ကို အယူခံဝင်သွားမည်ဟု အဲဗာတန်အသင်း သတင်းထုတ်ပြန်
Photo: AFP
Photo: AFP
Published 10 April 2024

အဲဗာတန်အသင်းသည် ဘဏ္ဍာရေးသာ တူညီမျှစည်းမျဉ်း (FFP) ချိုးဖောက်သဖြင့် ယခုရာသီအတွင်း ဒုတိယအကြိမ်မြောက်အ ဖြစ် နှစ်မှတ်လျှော့ပြစ်ဒဏ် ကျခံခဲ့ရမှုကို အ ယူခံဝင်သွားမည်ဖြစ်ကြောင်း တရားဝင်သ တင်းထုတ်ပြန်ခဲ့သည်။

    

အဲဗာတန်အသင်းသည် နှစ်မှတ်လျှော့ ပြစ်ဒဏ် ထပ်မံချမှတ်ခံရသဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် စုစုပေါင်း ရှစ်မှတ် လျှော့ပြစ်ဒဏ်ဖြင့် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။ အဲဗာတန်အသင်း သည် အစောပိုင်းက မှတ်လျှော့ပြစ်ဒဏ် ချ မှတ်ခံခဲ့ရ ပြီး အယူခံဝင်ရာတွင် အောင်မြင်ခဲ့ သောကြောင့် ဖေဖော်ဝါရီလအတွင်းက ခြောက်မှတ်လျှော့ပြစ်ဒဏ်အဖြစ် ပြောင်းလဲ ပေးခဲ့သည်။ အဆိုပါပြစ်ဒဏ်မှာ ၂၀၂၁-၂၂ ရာသီအထိ ဘဏ္ဍာရေးစာရင်းရှင်းတမ်းအ ပေါ် မူတည်ပြီး ၂၀၂၂-၂၃ ရာသီအထိ နောက်ထပ် သုံးရာသီစာ စာရင်းရှင်းတမ်းတွင် လည်း ပရီးမီးယားလိဂ်မှ ချမှတ်ထားသော ဘဏ္ဍာရေးစည်းမျဉ်းနှင့် ကိုက် ညီခြင်းမရှိ သည့်အတွက် နှစ်မှတ်လျှော့ပြစ်ဒဏ် ထပ်မံချ မှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။ ပရီးမီး ယားလိဂ်အဖွဲ့ချုပ်သည် ပြိုင်ပွဲဝင်အသင်းများ အား သုံးရာသီအတွင်း ပေါင်(၁၀၅)သန်းသာ အရှုံး ပေါ်ခွင့်ရှိသည်ဟု သတ်မှတ်ထားပြီး အဲဗာတန်အသင်းအနေဖြင့် ယင်း စည်းမျဉ်း ကို ဆက်တိုက်ချိုးဖောက်နေသည့်အတွက် အမှတ်လျှော့ပြစ်ဒဏ်များနှင့် ရင်ဆိုင်နေရ ခြင်းဖြစ်သည်။ အဲဗာတန်အသင်းသည် ပုံမှန် ဆိုလျှင် ၃၅ မှတ်ဖြင့် အဆင့် ၁၄ နေရာတွင် ရှိနိုင်သော်လည်း ယခုအခါ ၂၇ မှတ်ဖြင့် အဆင့် ၁၆ နေရာသို့ ရောက်ရှိခဲ့ပြီး တန်းမ ဆင်းရရန် ရုန်းကန်ရတော့မည်ဖြစ်သည်။

Most Read

Most Recent