ပေါင်မြို့နယ် ကျခတ်ငူကျေးရွာ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီးနှစ်ဦး သေဆုံး

ပေါင်မြို့နယ် ကျခတ်ငူကျေးရွာ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီးနှစ်ဦး သေဆုံး
Published 7 May 2024

 ပေါင်မြို့နယ် ကျခတ်ငူ ကျေးရွာ ရန်ကုန်-မော်လမြိုင်အဝေးပြေးကား လမ်းတွင် မေ ၅ ရက် ညပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာမှ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မေ ၅ ရက် ည ၇ နာရီဝန်းကျင်က ပေါင် မြို့နယ် ဇင်းကျိုက်မြို့ ဖလပ်ရပ်ကွက်နေ မမြ သီတာနှင့် မညိုမာထွေးတို့ သူငယ်ချင်းနှစ်ဦး သည် မော်လမြိုင်မြို့မှ ဇင်းကျိုက်မြို့သို့  Honda Dream 125  ဖြင့် ပြန်လာစဉ် ပေါင်မြိုနယ် ကျခတ်ငူကျေးရွာ ရန်ကုန်-မော်လမြိုင် ကား လမ်း မိုင်တိုင်အမှတ် (၁၈၀/၃) နှင့် (၁၈၀/ ၄) ကြား ကားလမ်းအကွေ့နေရာတွင် တစ်ဖက် ယဉ်ကြောမှ ကွေ့ကြောအား အရှိန်ဖြင့်မောင်း ပြီး လမ်းပြောင်းပြန် မှားဝင်လာသည့် ယာဉ် မောင်း သန်းဇော်ဦးဆိုသူ မောင်းနှင်လာသော (၁၂) ဘီးကုန်တင်ယာဉ်က ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် မမြသီတာနှင့် မ ညိုမာထွေးတို့ နှစ်ဦးစလုံး၏ ညာဘက်မျက် နှာ၊ ဦးခေါင်း၊ ခြေလက်တို့တွင် ဒဏ်ရာများပြင်း ပြင်းထန်ထန်ရရှိခဲ့ပြီး ဒေသခံ ပရဟိတအရေး ပေါ်လူမှုကူညီကယ်ဆယ်ရေး ယာဉ်များဖြင့် မုတ္တမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော် လည်း ဆေးရုံအရောက်တွင် နှစ်ဦးစလုံး‌ သေ ဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြား သည်။

၎င်းက ဆက်လက်ပြီး “ကုန်တင်ယာဉ်အ တိုက်ခံရတဲ့သူတွေ ရရှိခဲ့တဲ့ဒဏ်ရာတွေက ပြင်းထန်တော့ ဆေးရုံကို ရောက်ခဲ့ပေမဲ့လည်း သေဆုံးသွားခဲ့ပါတယ်။ ကုန်တင်ယာဉ်မောင်း က ကားမောင်းထွက်ပြေးလို့ ရဲကလိုက်ဖမ်းခဲ့ရ သေးလို့ သိရတယ်”ဟု ပြောကြားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မော်တော် ယာဉ်အား ပေါ့လျော့စွာမောင်းနှင်ပြီး လူသေ စေသည့်ယာဉ်တိုက်မှုကျူးလွန်ခဲ့သူ သန်းဇော် ဦးအား မုတ္တမနယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၃/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ  ၂၇၉/ ၃၀၄ (က) အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent