ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂)သို့ တက်ရောက် တာဝန်ထမ်းဆောင်မည့်သူများ သက်ဆိုင်ရာသင်တန်းကျောင်း အသီးသီးသို့ ရောက်ရှိနေ

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂)သို့ တက်ရောက် တာဝန်ထမ်းဆောင်မည့်သူများ သက်ဆိုင်ရာသင်တန်းကျောင်း အသီးသီးသို့ ရောက်ရှိနေ
Published 13 May 2024

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ် စဉ် ()သို့ တက်ရောက်တာဝန် ထမ်းဆောင် မည့်သူများ သက်ဆိုင်ရာသင်တန်းကျောင်း အသီးသီးသို့ ရောက်ရှိနေကြောင်းသိရသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်()သို့တက်ရောက်မည့်ရန်ကုန် တိုင်းဒေသကြီး မြို့နယ်အသီးသီးမှ  မိမိသဘောဆန္ဒအရ ပြည်သူ့စစ်မှုထမ်းလိုသူများအား မေလ ၇ ရက်ကတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် သက်ဆိုင်ရာ ခရိုင်အလိုက်စုရပ်များတွင် သွားရောက်ကြို ဆိုကာ အမှတ် () ဘုရင့်နောင်တည်းခိုရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊  ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများက  ကြိုဆိုကာတစ်ဦး ချင်းစီအတွက် တစ်ကိုယ်ရည်သုံးပစ္စည်း (၁၆) မျိုးပါဝင်သော ပစ္စည်းစုံအိတ်များ၊ ထမင်းဘူးများ၊ အချိုရည်ဘူးများ၊ ရေသန့်ဘူးများ ဝေငှပေးအပ် ခဲ့ကြောင်း သိရသည်။

ထိုသို့ ရန်ကုန်တိုင်းဒေသကြီးမှ  ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်()တက်ရောက် မည့်သူ ၂၉၄ ဦးအား သက်ဆိုင်ရာသင်တန်းကျောင်းနှင့် စုရပ်များသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်အစီအစဉ်ဖြင့် ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ အခြားဒေသများတွင်လည်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်()သို့ တက်ရောက်မည့်သူများသည် သက်ဆိုင်ရာ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိလာကြပြီဖြစ်ပြီး ၎င်းင်းတို့အား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက အခမ်းအနားဖြင့် ကြို ဆိုမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်()တွင် သင်တန်းတက်ရောက်ရန် ဝင်ရောက်လာခဲ့သူများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များရှိ နယ်မြေခံသင်တန်း ကျောင်းများတွင် ကျန်းမာရေးဆေးစစ်ပေး ခြင်း၊ စစ်အသုံးအဆောင်ပစ္စည်းများထုတ်ပေး ခြင်း၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းများ ဆောင်ရွက်ပေး ပြီး တာဝန်ရှိသူများက လိုက်လံနှုတ်ဆက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ယင်းဥပဒေအား အသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်းသင် တန်းအမှတ်စဉ်()ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ၂၀၂၄ ခုနှစ် ဧပြီလဆန်းတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေမထွက်သေးသော်လည်း နည်းဥပဒေတွင် ပါဝင်လာဖွယ်ရှိသည့် ပြဋ္ဌဌာန်းချက်များကို အခြေခံ၍ စိတ်ပေါ့သွပ်နေသူများ၊ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် တပ်မတော်သား၊ ရဲ၊ ပြည် သူ့စစ်များ၏ သားသမီးအရင်းများ၊ အာဆီယံ၊ အာရှ၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ဆုတံဆိပ် တစ်ခုခုရရှိထားသည့် အားကစားသမားများ၊ နိုင်ငံ့အတွက်တာဝန်ထမ်းဆောင်နေပြီး အစားထိုးရန် မဖြစ်နိုင်သေးသော အသိပညာ ရှင်၊ သို့မဟုတ် အတတ်ပညာရှင်များ၊ နိုင်ငံ့ဝန်ထမ်းတာဝန်ထမ်းဆောင်နေသော တစ် ဆက်စပ်တည်း လုပ်သက်နှစ်နှစ်နှင့် အထက် ရှိသော ဆရာဝန်နှင့် သူနာပြုများ၊ တစ်ဆက်စပ်တည်းလုပ်သက်နှစ်နှစ်နှင့် အထက်ရှိသော တပ်မတော်စစ်သည်အစားခန့် အရပ်သား ဝန်ထမ်းများ၊ ကင်းလွတ်ခွင့်ပြုရန် မဖြစ် မနေလိုအပ်နေသူများအဖြစ်ကျိုးကြောင်း ခိုင်လုံစွာတင်ပြနိုင်သူများအား ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းအမှတ်စဉ် တစ်ခုလျှင်စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူအင်အား ၅၀၀၀ နှုန်းဖြင့် လစဉ်ခေါ်ယူမည်ဖြစ်သည့် အတွက် တစ်နှစ်လျှင် အင်အား ၆၀၀၀၀ နှုန်း လျာထားစီမံထားကြောင်း နစကက ထုတ်ပြန်ထားသည်။

               

Most Read

Most Recent