အဲလ်ဗတ်စ်အတွက် အာမခံငွေကို ဘရာဇီးလ်မဂ္ဂဇင်းပေးခဲ့

အဲလ်ဗတ်စ်အတွက် အာမခံငွေကို ဘရာဇီးလ်မဂ္ဂဇင်းပေးခဲ့
Photo : Getty Images
Photo : Getty Images
Published 1 April 2024

မုဒိမ်းမှုကြောင့် ထောင်ဒဏ်(၄)နှစ်ခွဲ ချမှတ်ခံထားရရာမှ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည့် ဘရာဇီးလ်နောက်ခံလူဟောင်း အဲလ်ဗတ်စ်အတွက် အာမခံငွေကို ဘရာဇီးလ်မဂ္ဂဇင်းတစ်စောင်က ပေးအပ်ခဲ့ကြောင်း Mundo Deportivo သတင်းစာက ဖော်ပြခဲ့သည်။

အဲလ်ဗတ်စ်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကတည်းက ဘာစီလိုနာမြို့မှ အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရခြင်းဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ် တနင်္လာနေ့တွင် အာမခံငွေ ယူရို(၁)သန်းပေးဆောင်ကာ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါအာမခံငွေကြေးက အစောပိုင်းတွင် အသင်းဖော်ဟောင်း နေမာ စိုက်ထုတ်ပေးမည်ဟု သတင်းထွက်ခဲ့သလို၊ နောက်ပိုင်း၌ ဘာစီလိုနာအသင်းဖော်တစ်ဦးပင်ဖြစ်သည့် ဒီပိုင်းက ပေးအပ်ခဲ့ကြောင်းလည်း သတင်းထွက်ခဲ့သည်။

ယခုအခါ စပိန်ဂျာနယ်လစ်တစ်ဦးက အဲလ်ဗတ်စ်အတွက် အာမခံငွေကို ဘရာဇီးလ်မဂ္ဂဇင်းတစ်စောင်က စိုက်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါမဂ္ဂဇင်းသည် ဘရာဇီးလ်နှင့် နိုင်ငံတကာမှ အရေးကြီးလူပုဂ္ဂိုလ်များအကြောင်း ရေးသားဖော်ပြခြင်းဖြင့် လူသိများသည့် မဂ္ဂဇင်းတစ်စောင်ဖြစ်ကြောင်း၊ အာမခံငွေ စိုက်ထုတ်ပေးခြင်းဖြင့် အဲလ်ဗတ်စ်၏ အင်တာဗျူးများ၊ ဘဝအကြောင်းများကို အထူးသီးသန့်အဖြစ် ဖော်ပြခွင့်ရမည်ဟု သိရသည်။