■ ပြင်သစ်လီဂူးပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူးပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်
Photo: AS Monaco
Photo: AS Monaco
Published 3 May 2024

လူအယ်ဗာ - စထရာဘိုး (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၇:၃၀ နာရီ)

ဒီပွဲကလည်း အိမ်ရှင်လူအယ်ဗာရဲ့ တန်းဆင်းဇုန်တိုက်ပွဲအတွက် ပိုအရေးပါနေပြီး စထရာဘိုးကတော့ အမှတ်မလိုတဲ့အခြေအနေမှာ ဖိအားကင်းကင်းနဲ့ပဲ ကစားလာပါလိမ့်မယ်။ အိမ်ကွင်းမှာတော့ လူအယ်ဗာ အမှတ်ရအောင်ယူမှာပါ။



မိုနာကို - ကလယ်မွန့် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၉:၃၀ နာရီ)

နောက်ဆုံးပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ မိုနာကိုတို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားပြန်များသွားတယ်။ အခုလည်း အိမ်ကွင်းဆိုပေမဲ့ ဇယားအောက်ဆုံးကလွတ်ဖို့မျှော်လင့်ချက်ရှိနေတဲ့ ကလယ်မွန့်ရဲ့ရုန်းအားကြောင့် ခက်ခဲဦးမှာပါ။ မိုနာကို ကပ်နိုင်လောက်ပါပဲ။



မက်ဇ် - ရန်းစ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၁၁:၃၀ နာရီ)

ဒီပွဲက အိမ်ရှင်မက်ဇ်အတွက် တန်းဆင်းဇုန်ကရုန်းထွက်ဖို့ အရေးပါနေပါတယ်။ ရန်းစ်ကတော့ ဖိအားမရှိလို့ သက်သောင့်သက်သာပဲ ကစားမှာပါ။ မက်ဇ်နဲ့ အရဲစွန့်ချင်တယ်။



ဘရက်စ် - နန့်စ် (မြန်မာစံတော်ချိန် မေလ ၅ ရက် နံနက် ၁:၃၀ နာရီ)

ဘရက်စ်က ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲမှား အမှားခံလို့မရသလို နန့်စ်ကလည်း တန်းဆင်းဇုန်အန္တရာယ်ရှိနေသေးလို့ အမှတ်ရဖို့ ရုန်းကန်လာဦးမှာပါ။ ဒါပေမဲ့ ခြေစွမ်းရော ရပ်တည်မှုပါ ကွာခြားနေလို့ အိမ်ရှင် ဘရက်စ်ပဲ နိုင်ပွဲဆက်သွားပါလိမ့်မယ်။    

Most Read

Most Recent