ကူလူဆက်ဗ်စကီး ပြောတဲ့အတိတ် - ၁

ကူလူဆက်ဗ်စကီး ပြောတဲ့အတိတ် - ၁
Photo : Getty Images
Photo : Getty Images
Published 11 April 2024
AK

ချစ်ရတဲ့စပါးပရိသတ်တွေရေ၊ ကျွန်တော့်အကြောင်း ရေရေရာရာမပြောဖြစ်ခဲ့ပါဘူး။ တချို့ကလည်း ကျွန်တော့်ကို အီတလီကနေ အင်္ဂလန်ကို ရောက်လာတဲ့ ရယ်စရာနာမည်နဲ့ ကောင်လေးဆိုပြီး မှတ်ထားကြတယ်။ အခုဆိုရင် စပါးကို ကျွန်တော်ရောက်လာတာ (၂)နှစ်ကျော်ရှိလာပြီ။ ကျွန်တော် ကြုံခဲ့တာလေးတွေ ခင်ဗျားတို့သိအောင် ပြန်ပြောပြချင်ပါတယ်။ ဘဝသင်ခန်းစာတွေ၊ ရူးလောက်စရာဇာတ်လမ်းတွေပေါ့။ အင်္ဂလန်ကလူတွေက ကျွန်တော့်ဆီကနေ အများကြီး မမျှော်လင့် ခဲ့ပါဘူး။ အရိုးသားဆုံးပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်ဆိုပြီး ရည်မှန်းချက်မထားခဲ့ဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိသလို ခံစားမိချိန်တွေပါပဲ။

 

Most Read

Most Recent