ဒီပွဲက လက်ရှိ ဥရောပဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်ရောက်နေတဲ့ ကစားသမားတွေရဲ့အားပြိုင်မှုလည်းဖြစ်နေတယ်။ ဘာစီလိုနာအသင်းမှာ ဗဲလ်ဒက်စ်၊ ပူယိုးလ်၊ ယာယာတိုရေး၊ ပီကေး၊ ဆီလ်ဗင်ဟို၊ ဘူးစကွက်စ်၊ အင်နီယေစတာ၊ ဇာဗီ၊ မက်ဆီ၊ အွန်နရီ၊ အီတူးတို့လို ကစားသမားတွေပါဝင်နေပြီး မန်ယူနိုက်တက်အသင်းမှာလည်း ဗန်ဒါးဆား၊ အိုရှေး၊ ဖာဒီနန်၊ ဗီဒစ်၊ အီဗရာ၊ အန်ဒါဆန်၊ ကာရစ်၊ ဂစ်၊ ပက်ဂျီဆန်၊ ရွန်နီ၊ စီရော်နယ်လ်ဒိုတို့ ပါဝင်နေကြတယ်။ အားလုံးကတော့ ရော်နယ်လ်ဒိုနဲ့ မက်ဆီ အားပြိုင်ပွဲလို့ တင်စားနေကြပြီး ရော်နယ်လ်ဒိုက ဒါကို ငြင်းဆန်ခဲ့တယ်။ "မက်ဆီက အရမ်းထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့ ဒီပွဲကတော့ ဘာစီလိုနာနဲ့ မန်ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ဖြစ်ပါတယ်"လို့ ပွဲမစခင် ဆိုခဲ့ပြီး မက်ဆီက လည်း ရော်နယ်လ်ဒိုရဲ့အမြင်ကို ထောက်ခံတဲ့ စကားပြောခဲ့တယ်။ "အခုလို ပြောဆိုမှုတွေက အသင်းကြီး နှစ်သင်းနဲ့ ကျွန်တော်တို့ရဲ့ ကစားဖော်တွေအပေါ် လေးစားမှု ကင်းမဲ့ခြင်းဖြစ်တယ်။ ကျွန်တော်တို့ နှစ်သင်းစလုံးက လက်ရှိအချိန်မှာ အကောင်းဆုံးကစားဟန်ကို ပြသနေကြတဲ့အသင်းတွေဖြစ်ပြီး နှစ်သင်းစလုံးမှာ အရေးပါတဲ့ ကစားသမားပေါင်းများစွာ ပါဝင်နေကြပါတယ်"လို့ ဆိုခဲ့တယ်။
ရော်နယ်လ်ဒို (သို့မဟုတ်) ထာဝရရှင်သန်သူ ၉
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။