ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 13 March 2024

 

■ အက်သလက်တီကို - အင်တာမီလန် (မြန်မာစံတော်ချိန် နံနက် ၂း၃၀)

အက်သလက်တီကိုက ဒီရာသီမှာ အားရစရာသိပ်မရှိဘူး။ လက်ရှိအချိန်မှာလည်း ရလဒ်တွေဆိုးနေပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲတစ်ပွဲပဲ ရခဲ့တယ်။ အင်တာမီလန်က ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲဆက်တိုက် အနိုင်ရထားတဲ့အသင်းဖြစ်ပြီး အက်သလက်တီကိုထက် အစစအရာရာသာတယ်။ ပထမအကျော့တုန်းက ဒီ့ထက်ပိုဂိုးပြတ်သင့်ပေမယ့် ၁-၀ ဆိုတဲ့ရလဒ်ကတော့ မက်ဒရစ်မြေမှာ ဖိအားဝင်စရာဖြစ်နေတယ်။ ပုံမှန်အတိုင်း ကစားရင်တောင် အင်တာမီလန်ပဲ နိုင်ဦးမှာပါ။

■ အက်သလက်တီကိုအသင်းသည် ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး (၈)ပွဲဆက် ရှုံးပွဲမရှိကစားနိုင်ခဲ့သည်။

■ အင်တာမီလန်အသင်းသည် ချန်ပီယံလိဂ်နောက်ဆုံး (၁၄)ပွဲတွင် (၁)ပွဲသာရှုံးနိမ့်ခဲ့ပြီး (၈)ပွဲအနိုင်ရရှိခဲ့သည်။

■ ဒေါ့မွန် - PSV (မြန်မာစံတော်ချိန် နံနက် ၂း၃၀)

PSV က နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲမရှိကစားထားပြီး နယ်သာလန်လိဂ်မှာလည်း ချန်ပီယံဖြစ်ဖို့ သေချာနေတဲ့အသင်း ဖြစ်တယ်။ ပထမအကျော့ အိမ်ကွင်းမှာတုန်းက ဒေါ့မွန်အသင်း ထက်ပိုကောင်းအောင် ကစားပြနိုင်ခဲ့တယ်။ ဒေါ့မွန်ကတော့ ဒီ ပြိုင်ပွဲရဲ့ ဒီလိုအဆင့်တွေမှာ ပိုပြီးအတွေ့အကြုံများတဲ့အသင်း ပါ။ ဒါ့အပြင် ဂျာမန်မြေမှာ PSV အနေနဲ့ ပထမအကျော့တုန်းကနဲ့ မတူညီတဲ့ ဖိအား၊ မတူညီတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ဒေါ့မွန်ကိုပဲ ကြိုက်တယ်။ 

■ ဒေါ့မွန်အသင်း၏ ချန်ပီယံလိဂ်နောက်ဆုံး (၁၂)ပွဲတွင် (၁၁)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။

■ ဒေါ့မွန်အသင်းသည် ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး (၈)ပွဲဆက် ရှုံးပွဲမရိ်ှကစားနိုင်ခဲ့ပြီး Clean Sheet (၆)ပွဲရရှိခဲ့သည်။



 

Most Read

Most Recent