စီးရီးအေ ပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက်

စီးရီးအေ ပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 6 April 2024

■ အေစီမီလန် နှင့် လက်ချီ  (မြန်မာစံတော်ချိန် ည ရး၃၀)

အေစီမီလန်က စီးရီးအေနောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲဆက်နေပြီး ပုံစံကောင်းတစ်ခုကို ပြသထားတယ်။ ဒါပေမဲ့ အမှတ်လို အပ်ချက်မရှိတာကိုတော့ သတိထားဖို့လိုအပ်ပြီး ဒီပွဲပြီးရင် အေစီမီလန်အသင်း ရိုးမားနဲ့ ယူရိုပါလိဂ်ကစားရဖို့ရှိတာကိုလည်း သတိပြုရမယ်။ လက်ချီက အရမ်းအားကောင်းတဲ့အသင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အေစီမီလန် (၂)ဂိုးပြတ်နိုင်ဖို့ခက်လို့ လက်ချီနဲ့ စွန့်စားသင့်တယ်။

■ ရိုးမား နှင့် လာဇီယို (မြန်မာစံတော်ချိန် ည ၁ဝး၃၀)

ရိုးမားက နည်းပြ ဒီရော့ဆီလက်ထက်မှာ အကောင်းဆုံးပုံစံကို ပြသနေပေမဲ့ နောက်ဆုံးပွဲမှာ လက်ချီကို သရေပဲ ကစားနိုင်ခဲ့တယ်။ အဝေးကွင်းထက် အိမ်ကွင်းဆိုရင် ရိုးမားရဲ့ ကစားပုံ သိသိသာသာ ပိုကောင်းတာကို သတိပြုရမယ်။ လာဇီယိုကလည်း ရှုံးပွဲတွေဆက်ခဲ့ပေမဲ့ စီးရီးအေနောက်ဆုံး(၂)ပွဲဆက် အနိုင်ယူပြီး ဥရောပဝင်ခွင့်မျှော်လင့်ချက် ပြန်လည်ရှင်သန်လာတယ်။ ဒါ ပေမဲ့ ယုံကြည်လို့ရတဲ့ အနေအထားမျိုးတော့ မဟုတ်သေးဘူး။ ပြီးခဲ့တဲ့ ရာသီက (၂)ကျော့စလုံး ရှုံးနိမ့်ခဲ့ပေမဲ့ ဒီပွဲတော့ ရိုးမားကို ကြိုက်တယ်။

■ ယင်း (၂)သင်းတွေ့ဆုံသည့် ပြိုင်ပွဲစုံနောက်ဆုံး (၇)ပွဲတွင် (၅)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာ ရှိခဲ့သည်။

■ ရိုးမားအသင်းသည် စီးရီးအေအိမ်ကွင်း နောက်ဆုံး (၁၃)ပွဲတွင် (၁)ပွဲသာ ရှုံးနိမ့်ခဲ့ပြီး (၁၀)ပွဲအထိ အနိုင်ရရှိခဲ့သည်။

■ အမ်ပိုလီ နှင့် တိုရီနို (မြန်မာစံတော်ချိန် နံနက် ၁း၁၅)

အမ်ပိုလီက ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရပြီး နောက်ဆုံး (၄)ပွဲဆက် သွင်းဂိုးမဲ့ ရှုံးပွဲတွေ ကြုံတွေ့ခဲ့တယ်။ တိုရီနိုက အသင်းကောင်းတစ်သင်းပါ။ ဒါပေမဲ့ တန်းမဆင်းရဖို့ ရုန်းကန်လာမယ့် အမ်ပိုလီဘက်က ရပ်တည်သင့်တယ်။

Most Read

Most Recent