မိုဒရစ်အား ခေါ်ယူရန် ချယ်လ်ဆီးအသင်းကို ဂျိုးကိုးလ် တိုက်တွန်း

မိုဒရစ်အား ခေါ်ယူရန် ချယ်လ်ဆီးအသင်းကို ဂျိုးကိုးလ် တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 21 March 2024

ချယ်လ်ဆီးကစားသမားဟောင်း ဂျိုးကိုးလ်က အသင်းဟောင်းကို ရီးယဲလ်ဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ်အား ခေါ်ယူရန် တိုက်တွန်းပြောကြားခဲ့သည်။

ခရိုအေးရှားဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ်(၃၈ နှစ်)သည် ယခုရာသီကုန်တွင် ရီးယဲလ်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရှိနေသူဖြစ်သည်။

ဂျိုးကိုးလ်က အတွေ့အကြုံနုနယ်သည့် ချယ်လ်ဆီးကစားသမားများကို ကူညီရန် မိုဒရစ်ကိုခေါ်ယူသင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျိုးကိုးလ်က ''ချယ်လ်ဆီးအနေနဲ့ လူငယ်တွေကို ထိန်းကျောင်းဖို့ အတွေ့အကြုံရင့်ကစားသမား လိုပါတယ်။ မိုဒရစ်သာ ချယ်လ်ဆီးကို လာမယ်ဆိုရင် အရမ်းကောင်းမှာပါ''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent