သောမတ်စ်တူဟယ်လ် ထွက်ခွာချိန်အထိမစောင့်ဘဲ နည်းပြအပြောင်းအလဲအား ယခုပင် ပြုလုပ်သင့်သည်ဟု ဘိုင်ယန်မြူးနစ်အသင်းကို ကစားသမားဟောင်း ဟာမန်း အကြံပြု

သောမတ်စ်တူဟယ်လ် ထွက်ခွာချိန်အထိမစောင့်ဘဲ နည်းပြအပြောင်းအလဲအား ယခုပင် ပြုလုပ်သင့်သည်ဟု ဘိုင်ယန်မြူးနစ်အသင်းကို ကစားသမားဟောင်း ဟာမန်း အကြံပြု
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 3 April 2024

 

ဘိုင်ယန်မြူးနစ်အသင်း၏ ကစားသမားဟောင်း ဒီယက်တာဟာမန်းက လက်ရှိနည်းပြ သောမတ်စ်တူဟယ်လ် ထွက်ခွာချိန်အထိမစောင့်ဘဲ နည်းပြအပြောင်းအလဲကို ယခုပင် ပြုလုပ်သင့်သည်ဟု အကြံပြုပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်း၏ လက်ရှိနည်းပြ သောမတ်စ်တူဟယ်လ်သည် ယခုရာသီတွင် ပြည်တွင်းပြိုင်ပွဲများ၌ ရလဒ်မကောင်းသည့်အတွက် ရာသီကုန်ချိန်၌ အသင်းနှင့် လမ်းခွဲရန်စီစဉ်ထားသူဖြစ်သည်။ သို့သော် ဒေါ့မွန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဟာမန်းက နည်းပြအပြောင်းအလဲ ချက်ချင်းပြုလုပ်သင့်ပြီဟု အကြံပြုခဲ့ခြင်းဖြစ်သည်။ 

"ဒါက သောမတ်စ်တူဟယ်လ်အကြောင်း မဟုတ်သလို အီဘာလ်(ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ)အကြောင်းလည်း မဟုတ်ပါဘူး။ ဟာရီကိန်းတို့၊ ကင်မစ်ချ်တို့အကြောင်းလည်း မဟုတ်ပါဘူး။ ဘိုင်ယန်မြူးနစ်အကြောင်းပါ။ လက်ရှိအသင်းက ဥရောပရဲ့ အကောင်းဆုံး(၈ )သင်းထဲမှာ ပါဝင်နေပြီး အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် အခွင့်အရေးကောင်းရှိနေပါတယ်။ အာဆင်နယ်က အသင်းကောင်းတစ်သင်းဆိုပေမဲ့ ဒီအဆင့်မှာ အတွေ့အကြုံ အလွန်နည်းပါတယ်။ ကျွန်တော့်အမြင်ကတော့ အာဆင်နယ်နဲ့ရင်ဆိုင်ရချိန်မှာ အကောင်းဆုံးဖြစ်ဖို့ အသင်းတာဝန်ရှိသူတွေအနေနဲ့ ဆုံးဖြတ်ချက်ချသင့်တယ်လို့ ထင်ပါတယ်။ နောက်ဆုံးရက်သတ္တပတ်တွေအတွက် နည်းပြသစ်ခေါ်ယူဖို့ လေးလေးနက်နက်တွေးသင့်ပါတယ်။ စျေးကွက်ထဲမှာလည်း နည်းပြတွေအများကြီးရှိနေပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent