အင်္ဂလန်သာ ယူရို ၂၀၂၄ ချန်ပီယံ မဖြစ်ခဲ့ရင် . . .

အင်္ဂလန်သာ ယူရို ၂၀၂၄ ချန်ပီယံ မဖြစ်ခဲ့ရင် . . .
Photos: Sky Sports
Photos: Sky Sports
Published 16 March 2024
Nay Lin Htet

ဂျာမနီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းနေရာမှာ ပြတ်ပြတ်သားသား ရပ်တည်နေတယ်။ သူ့ နောက်မှာ နာမည်ကြီး ပြင်သစ်၊ အိမ်ရှင် ဂျာမနီ၊ ယူရိုနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဟောင်း စပိန်နဲ့ ပေါ်တူဂီအသင်းတွေ ရှိနေတာပါ။ ကမ္ဘာ့ဖလား (၂)ကြိမ်ဆက် ဗိုလ်လုပွဲရောက်ထားတဲ့ ပြင်သစ်က အသင်းခေါင်းဆောင် ဘာပေရဲ့ လက်ရှိ ကလပ်နဲ့ အခြေအနေတွေရဲ့ ရိုက်ခတ်မှုကို ခံရနိုင်ခြေရှိတယ်လို့ သုံးသပ်ခံနေရတယ်။ နွေရာသီမှာ အသင်းကထွက်ဖို့သေချာနေတဲ့ ဘာပေကို PSG နည်းပြ အန်နရီကေးက ပွဲကစားခွင့် အကန့်အသတ် လုပ်လာတယ်။ ပွဲကစားချိန်နည်းပါးမှုက ဘာပေရဲ့ ခြေစွမ်းအပေါ်  သက်ရောက်မှု ရှိနိုင်တယ်လို့ ရှုမြင်ခံထားရတယ်။ အိမ်ရှင် ဂျာမနီကလည်း နည်းပြ နာဂယ်စ်မန်းနဲ့ လုံလောက်အောင် အသားမကျသေးတဲ့ အချက်၊ လူစာရင်း အပြောင်းအလဲ များလွန်းနေတာတွေကြောင့် ရက်(၁၀၀)တောင် မလိုတော့တဲ့ အချိန်မှာ ယူရိုအဖွင့်ပွဲအတွက် အဆင်သင့်ဖြစ်ပါ့မလားလို့ မေးခွန်းထုတ်ခံနေရတယ်။