ဒဏ်ရာနတ်ဆိုးနဲ့ စီးချင်းထိုးနေသူ

ဒဏ်ရာနတ်ဆိုးနဲ့ စီးချင်းထိုးနေသူ
Photo : Getty Images
Photo : Getty Images
Published 30 September 2024
AK

Captain ကို အာဆင်နယ်ပရိသတ်တွေ လွမ်းနေမိတယ်။ Captain အော်ဒီဂွါရဲ့ လှပသေသပ်တဲ့ ပေးပို့မှုတွေမရှိတဲ့အခါ အာဆင်နယ်တိုက်စစ်က ဟာတာတာဖြစ်နေခဲ့တယ်။ ခြေချင်းဝတ်ဒဏ်ရာဟာ အော်ဒီဂွါကိုအာဆင်နယ်ရဲ့အဝေးတွန်းပို့ခဲ့တာပါ။ ဘယ်အချိန်ပြန်လာမလဲဆိုတာ မသိနိုင်သေးဘူး။ အာဆင်နယ်ပရိသတ်တွေရဲ့ဆုတောင်းမေတ္တာတွေကြား အော်ဒီဂွါဟာ ဒဏ်ရာရှိပေမယ့် ကြည်သာချမ်းမြေ့နေမှာပါ။ အာဆင်နယ်ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးသံကို အော်ဒီဂွါ လွမ်းနေပါပြီ။ ဒီလိုနဲ့ပဲ အာဆင်နယ်ပရိသတ်တွေဆီ အလွမ်းစကားတွေ အော်ဒီဂွါ ပို့သခဲ့ပါတယ်။ သူအမြန်ဆုံး ပြန်လာမယ်ဆိုပြီး အသိပေးလိုက်ပါတယ်။

 

Most Read

Most Recent