■ ပြီးခဲ့သည့်ရာသီက ရီးယဲလ်အသင်းနှင့် ခြားနားသွားပြီဟု ဂွါဒီယိုလာ ဆို

■ ပြီးခဲ့သည့်ရာသီက ရီးယဲလ်အသင်းနှင့် ခြားနားသွားပြီဟု ဂွါဒီယိုလာ ဆို
Photo: AFP
Photo: AFP
Published 9 April 2024

မန်စီးတီးအသင်း၏နည်းပြ ဂွါဒီယိုလာက လက်ရှိ ရီးယဲလ်အသင်းသည် ပြီးခဲ့သည့်ရာသီက အသင်းနှင့် ခြားနားသွားပြီဟု သုံးသပ်ပြောကြားခဲ့သည်။

ဂွါဒီယိုလာက ''ဘယ်လင်ဟမ်ရဲ့သက်ရောက်မှုက ကြီးမားပါတယ်။ ရီးယဲလ်က ပြီးခဲ့တဲ့ရာသီနဲ့ ခြားနားသွားပါပြီ။ ဘယ်လင်ဟမ်ရဲ့လွှမ်းမိုးမှုက သိသာပြီး သူ့ကို ထိန်းချုပ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားရမှာပါ။ ရီးယဲလ်နဲ့ ရင်ဆိုင်ရရင် အမြဲ ခက်ခဲတယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာမဟုတ်ပါဘူး။ သူတို့က ဒီပြိုင်ပွဲမှာ ခြွင်းချက်ထားရမယ့်အသင်းပါ''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ရီးယဲလ်အနေဖြင့် ပြီးခဲ့သည့်ရာသီအရှုံးအတွက် မိမိတို့အား လက်စားချေချင်နေမည်ဟုလည်း ဂွါဒီယိုလာက သုံးသပ်ခဲ့သည်။

ပြီးခဲ့သည့်ရာသီ ဆီမီးဖိုင်နယ်အဆင့်တွင် ရီးယဲလ်နှင့် မန်စီးတီး တွေ့ဆုံခဲ့ပြီး ဘာနေဗျူးကွင်းတွင် တစ်ဂိုးစီ သရေကျခဲ့သော်လည်း အီတီဟတ်၌မူ မန်စီးတီးက (၄-၀)ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။

နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုတွင်လည်း မန်စီးတီးက (၄)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၃)ပွဲရှုံးဖြင့် အနည်းငယ်အသာရထားခဲ့သည်။

Most Read

Most Recent