မေလ(၁၈)ရက်ပွဲအတွက် အူဆိုက် နှင့်ထိုးသတ်မည့် ဟဲဗီးဝိတ်ချန်ပီယံ ပေါင်းစည်းပွဲအတွက် တိုင်ဆန်ဖျူရီ ဆော်ဒီသို့ ရောက်ရှိလာ

မေလ(၁၈)ရက်ပွဲအတွက် အူဆိုက် နှင့်ထိုးသတ်မည့် ဟဲဗီးဝိတ်ချန်ပီယံ ပေါင်းစည်းပွဲအတွက် တိုင်ဆန်ဖျူရီ ဆော်ဒီသို့ ရောက်ရှိလာ
Photo: Daily Mail
Photo: Daily Mail
Published 8 May 2024

 

မေလ(၁၈)ရက်တွင် ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက် နှင့်ထိုးသတ်မည့် ဟဲဗီးဝိတ်ချန်ပီယံ ပေါင်းစည်းပွဲအတွက် ဗြိတိန်လက်ဝှေ့ အကျော်အမော် တိုင်ဆန်ဖျူရီနှင့် သူ ၏မိသားစုသည် ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တိုင်ဆန်ဖျူရီက ဆော်ဒီအာရေဗျသို့ ရောက်ရှိလာကြောင်းကို Instagram မှတစ်ဆင့် ပရိသတ်ကို အသိပေးခဲ့ပြီး ဗီဒီယိုဖိုင်တင်ရှိကာ ကြိုးဝိုင်းဘုရင်သည် ဘုရင့်နိုင်ငံတော်သို့ ပြန်လာခဲ့ပြီဖြစ်ကြောင်းလည်း Caption ရေးသားခဲ့သည်။ တိုင်ဆန်ဖျူရီနှင့် အူ ဆိုက်ထိုးသတ်မည့် ချန်ပီယံပေါင်း စည်းပွဲကို မူလက ဖေဖော်ဝါရီလ(၁၇) ရက်တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း လေ့ကျင့်ရေးတွင် တိုင်ဆန်ဖျူရီ ညာဘက်မျက်ခုံးကွဲသွားသဖြင့် မေလသို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။  

ပြီးခဲ့သည့်လက အူဆိုက်၏လက်ဝှေ့ ပွဲစီစဉ်သူ ခရက်စ်ယူက ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲမှ ထပ်မံနုတ်ထွက်မည်ကို ကြောက်ရွံ့မိကြောင်း ဖွင့်ဟထားခဲ့သည်။ ယခုအခါ တိုင်ဆန်ဖျူရီ ဆော်ဒီသို့ပင် ရောက်ရှိလာပြီဖြစ်သဖြင့် ပွဲပျက်ပြယ်မည့် စိုးရိမ်ပူပန်မှုများလည်း လျော့ပါးသွားခဲ့သည်။ 

ယင်းလက်ဝှေ့ပွဲ၏ သဘောတူစာချုပ်တွင် နုတ်ထွက်မည့်သူသည် ဒဏ်ကြေး ဒေါ်လာ(၁၀)သန်း ပေးရမည့်အချက်ကိုလည်း ထည့်သွင်းထားခဲ့သည်။ အဆိုပါပွဲမှ အနိုင်ရရှိသူသည် ၀ိတ်တန်းလေးခု၏ ပထမဆုံး အငြင်းပွားဖွယ်မရှိ ချန်ပီယံ ဖြစ်လာမည်ဖြစ်သည်။

Most Read

Most Recent