■ ကွန်းဖရန့်လိဂ်ဖလား ရယူလိုသည်ဟု အူနိုင်းအမ်မရီ ဆို

■ ကွန်းဖရန့်လိဂ်ဖလား ရယူလိုသည်ဟု အူနိုင်းအမ်မရီ ဆို
Photo: Sky Sports
Photo: Sky Sports
Published 8 March 2024

အက်စတွန်ဗီလာအသင်းနည်းပြ အူနိုင်းအမ်မရီက ကွန်းဖရန့်လိဂ်ဖလား ရယူလိုသည်ဟု ပြောကြားခဲ့သည်။ 

အူနိုင်းအမ်မရီက မိမိအနေဖြင့် ဥရောပမှပြိုင်ပွဲအားလုံးကို လေးစားမှုရှိကြောင်းလည်း ပြောကြားခဲဲ့သည်။ 

ဆီဗီလာနှင့် ဗီလာရီးယဲလ်အသင်းတို့ကို ကိုင်တွယ်ခဲ့စဉ် ယူရိုပါလိဂ်ချန်ပီယံဆုကို (၄)ကြိမ် ရယူနိုုင်ခဲ့သည့် အူနိုင်းအမ်မရီက ယခုအခါ အက်စတွန်ဗီလာအသင်းနှင့်အတူ ကွန်းဖရန့်လိဂ်ဖလားကို ရယူလိုနေခြင်းဖြစ်သည်။ 

အူနိုင်းအမ်မရီက "ကျွန်တော် ဗီလာရီးယဲလ်နဲ့အတူ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ကစားခဲ့ဖူးပြီး ယူရိုပါလိဂ်ချန်ပီယံဆုကိုလည်း ရယူခဲ့ဖူးပါတယ်။ ကျွန်တော် ဥရောပက ပြိုင်ပွဲအားလုံးကို လေးစားမှုရှိပါတယ်။ အခု ကွန်းဖရန့်လိဂ်ချန်ပီယံဆုကို ရယူချင်နေပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent