ဆော်ဒီပရိုလိဂ်အားကစားဒါရိုက်တာနှင့် တော့ဒ်ဘိုလီ တွေ့ဆုံခဲ့ပြီး အသင်းကစားသမားများကို လာမည့်နွေတွင် ဆော်ဒီသို့ ချယ်လ်ဆီး ရောင်းချဖွယ်ရှိ

ဆော်ဒီပရိုလိဂ်အားကစားဒါရိုက်တာနှင့် တော့ဒ်ဘိုလီ တွေ့ဆုံခဲ့ပြီး အသင်းကစားသမားများကို လာမည့်နွေတွင် ဆော်ဒီသို့ ချယ်လ်ဆီး ရောင်းချဖွယ်ရှိ
Photo: talkSPORT
Photo: talkSPORT
Published 14 March 2024

ချယ်လ်ဆီးအသင်းပူးတွဲပိုင်ရှင်နှင့် ဥက္ကဋ္ဌ တော့ဒ်ဘိုလီသည် ဆော်ဒီအားကစားဒါရိုက်တာနှင့် တွေ့ဆုံခဲ့ပြီး လာမည့်နွေရာသီတွင် အသင်းကစားသမားများကို ဆော်ဒီသို့ ရောင်းချသွားဖွယ်ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

တော့ဒ်ဘိုလီသည် ပြီးခဲ့သည့်ရက်ပိုင်းက ဆော်ဒီနိုင်ငံ၊ ရီယာ့ဒ်မြို့သို့ သွားရောက်ကာ ဆော်ဒီပရိုလိဂ်အားကစားဒါရိုက်တာဖြစ်သူ အီမန်နာလို နှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

အီမန်နာလိုသည် ချယ်လ်ဆီးအသင်း၏ ဘုတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်သည်။

တော့ဒ်ဘိုလီအနေဖြင့် အီမန်နာလိုနှင့်တွေ့ဆုံခဲ့ခြင်းမှာ လာမည့်နွေရာသီတွင် အသင်းကစားသမားများကို ဆော်ဒီပရိုလိဂ်သို့ ရောင်းချရန်အတွက် လာရောက်စုံစမ်းခဲ့ခြင်းဖြစ်သလို၊ အင်္ကျီရင်ဘတ်စပွန်ဆာအတွက် Riyadh Air နှင့်ချိတ်ဆက်ခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီတွင် ကူလီဘလီနှင့် မန်ဒီတို့ကို ဆော်ဒီကလပ်များထံ နှစ်ဦးပေါင်း ပေါင် (၃၃) သန်းဖြင့် ရောင်းချခဲ့သလို၊ ကွန်တေမှာလည်း ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့သွားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်၏ ဘဏ္ဍာရေးစည်းမျဉ်းနှင့် ကိုက်ညီမှုရှိစေရန်အတွက် လာမည့်နွေတွင် ကယ်ပါ၊ လူကာကူ၊ စတာလင်၊ ချာလိုဘာ၊ ဘရိုဟာ၊ ကူကူရယ်လာတို့အပါအဝင် ကစားသမားအချို့ကို ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရှိရသည်။ 

Most Read

Most Recent