ပိုချက်တီနိုနေရာ အစားထိုးရန် နည်းပြ(၃)ဦးကို ချယ်လ်ဆီးအသင်း လျာထား

ပိုချက်တီနိုနေရာ အစားထိုးရန် နည်းပြ(၃)ဦးကို ချယ်လ်ဆီးအသင်း လျာထား
Photo: CFC
Photo: CFC
Published 29 April 2024

ချယ်လ်ဆီးအသင်း၏ တာဝန်ရှိသူများသည် လက်ရှိနည်းပြ ပိုချက်တီနို၏နေရာတွင် အစားထိုးရန်အတွက် နည်းပြ(၃)ဦးကို လျာထားစာရင်းတွင် ထည့်သွင်းထားကြောင်း The Times က ဖော်ပြခဲ့သည်။

၎င်းတို့သည် ပိုချက်တီနိုကို ရာသီမပြီးဆုံးမီ ထုတ်ပယ်ရန် အစီအစဉ်မရှိသော်လည်း လာမည့်နွေရာသီ၌ ပိုချက်တီနို၏ စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်၍ နည်းပြသစ် အပြောင်းအလဲပြုလုပ်ခြင်း ပြု၊ မပြု ဆုံးဖြတ်သွားမည်ဟု သိရသည်။ယင်းအတွက် နည်းပြ(၃)ဦးကို လျာထားစာရင်းထဲထည့်သွင်း၍ စောင့်ကြည့်လျက်ရှိရာ အဆိုပါနည်းပြများမှာ စပို့တင်းလစ္စဘွန်းနည်းပြ အမော်ရင်မ်၊ ဘရိုက်တန်နည်းပြ ဒီဇယ်ဘီနှင့် ဘိုင်ယန်နည်းပြဟောင်း ဟန်ဆီဖလစ်ခ်တို့ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent