ဂျပန်ပါလီမန်ဆိုင်ရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် KNU ၊ KNPP မှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

ဂျပန်ပါလီမန်ဆိုင်ရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် KNU ၊ KNPP မှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
Published 15 May 2024

ဂျပန်ပါလီမန်ဆိုင်ရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကိုမူရာမာဆာဟီရိုနှင့် မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ခေါင်းဆောင်များ တွေ့ဆုံဆွေး နွေးခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာ နက ထုတ်ပြန်သည်။

ဂျပန်ပါလီမန်ဆိုင်ရာ ဒုတိယနိုင်ငံခြား ရေးဝန်ကြီး ကိုမူရာမာဆာဟီရိုသည် မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်များဖြစ် သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ခေါင်းဆောင်များနှင့် မေ ၁၄ ရက် တွင် မိနစ်၂၀ ခန့် တွေ့ဆုံခဲ့ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းတွေ့ဆုံပွဲသို့ KNU ဘက်က ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP ဘက်က ဥက္က ဋ္ဌ ခူဦးရယ်တို့ တက်ရောက်ခဲ့သည်။

ပါလီမန်ဆိုင်ရာ ဂျပန်ဒုတိယနိုင်ငံခြား ရေးဝန်ကြီး ကိုမူရာမာဆာဟီရိုသည် မြန်မာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ် စားလှယ်များ၊အခြားသောပုဂ္ဂိုလ်များကို တွေ့ ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏မျက်မှောက်အခြေအ နေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ ကြသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံရှိသက်ဆိုင်ရာအဖွဲ့အသီးသီးနှင့် စေ့စပ်ဆွေးနွေးမှု မှတစ်ဆင့် လတ်တလော ထွက်ပေါက်ပိတ်နေသောအခြေအနေမှ ထွက်နိုင်မည့် နည်းလမ်းကိုရှာဖွေရာတွင် ဆက်လက် ကြိုးပမ်းသွားမည်ဟု လွှတ်တော်ဆိုင်ရာ ဒုတိယဝန်ကြီး ကိုမူရာက ပြောကြားခဲ့သည်။

ဂျပန်အစိုးရနှင့်ဂျပန်ပြည်သူများက မြန်မာနိုင်ငံကို စဉ်ဆက်မပြတ် ထောက်ပံ့ပေး နေခြင်းအတွက် ကျေးဇူးတင်သည်ဟု တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ၏ကိုယ်စား လှယ်များကပြောကြားခဲ့ပြီး မြန်မာ့အရေးကို ဖြေရှင်းရာတွင် ဂျပန်၏အခန်းကဏ္ဍအတွက် မျှော်လင့်ချက်များရှိနေကြောင်း ပြောကြားခဲ့ သည်ဟု သိရသည်။

မြန်မာ့အရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ရေးအတွက် မိမိတို့ အနီးကပ် ဆက်သွယ်ဆောင်ရွက်သွားကြလိမ့်မည်ဟု နှစ်ဖက်စလုံးက အတည်ပြုပြောကြားခဲ့ကြ သည်။

Photo & Ref: Ministry of Foreign Affairs of Japan

 

 

 

Most Read

Most Recent