■ ကိုပါအီတာလီယာ ဆီမီးဖိုင်နယ်(ပထမအကျော့)၊ ဂျာမန်ဖလား ဆီမီးဖိုင်နယ်နှင့် ပြင်သစ်ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

■ ကိုပါအီတာလီယာ ဆီမီးဖိုင်နယ်(ပထမအကျော့)၊ ဂျာမန်ဖလား ဆီမီးဖိုင်နယ်နှင့် ပြင်သစ်ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 2 April 2024

♦ ဂျူဗင်တပ်စ် - လာဇီယို (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် နံနက် ၁း၃၀ နာရီ)

အခုတစ်ပတ် စီးရီးအေပွဲမှာ ဒီနှစ်သင်း တွေ့ဆုံထားပြီး လာဇီယိုအသင်းက နာကျင်အချိန်ပိုဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းက စီးရီးအေမျှော်လင့်ချက် လက်လွှတ်ရသလောက်ဖြစ်သွားချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ရလဒ်တွေပါ

ထိုးဆင်းသွားတယ်။ နောက်ဆုံးကစားတဲ့ (၉)ပွဲမှာ (၁)ပွဲသာ အနိုင်ရတော့တဲ့အထိ အခြေအနေဆိုးသွားတာက အံ့အားသင့်စရာ အတော်ကောင်းပါတယ်။ ကိုပါအီတာလီယာချန်ပီယံဆုက နည်းပြ အယ်လီဂရီရဲ့အနာဂတ်ကို အသက်ဆက်ပေးမယ့်ဖလား လို့လည်း ပြောနိုင်တယ်။ လာဇီယိုကလည်း ပြည်တွင်းဖလားဆိုရင် ခြေစွမ်းပြတတ်တဲ့အသင်းပါ။ ဒါပေမဲ့ ဒီပွဲတော့ ဂျူဗင်တပ်စ်ကိုပဲ ရွေးချယ်ချင်တယ်။

♦ လိုင်ယွန် - ဗယ်လွန်စီနက်စ် (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် နံနက် ၁း၁၅ နာရီ)

လိုင်ယွန်အသင်း အိမ်ကွင်းမှာ နောက်ဆုံးကစားထားတဲ့ (၂)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ ဒါပေမဲ့ လိုင်ယွန်ရဲ့ဒုတိယရာသီဝက်စုဖွဲ့မှုက နဂိုအနေအထားကို ပြန်ရောက်လာတာကတော့ သေချာပါတယ်။ ဗယ်လွန်စီနက်စ်ကတော့ လီဂူး-၂ မှာတောင် ဇယားအောက်ဆုံးရောက်နေတဲ့အသင်းပါ။ လိုင်ယွန် ဂိုးပြတ်လိမ့်မယ်။

♦ ဆာဘရွတ်ခန် - ကိုင်ဇာစလော့တန် (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် နံနက် ၁း၁၅ နာရီ)

ဆာဘရွတ်ခန်အသင်းက တတိယတန်းမှာ အလယ်အလတ်အဆင့်လောက်ပဲရှိပြီး ကိုင်ဇာစလော့တန်ကတော့ ဘွန်ဒစ်လီဂါ-၂ မှာ တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်။ ကစားသမားစုဖွဲ့မှုနဲ့ ခြေစွမ်းပိုင်းအရ ဒီနှစ်သင်းအကြား ကွာခြားချက် များများစားစားမရှိပေမဲ့ ကိုင်ဇာစလော့တန်အသင်းက အစဉ်အလာပိုင်းမှာ အားသာချက်ရှိတယ်။ ကိုင်ဇာစလော့တန်ကိုပဲ ရွေးချယ်ချင်တယ်။