ရော်နယ်လ်ဒို (သို့မဟုတ်) ထာဝရရှင်သန်သူ ၁၄

ရော်နယ်လ်ဒို (သို့မဟုတ်) ထာဝရရှင်သန်သူ ၁၄
Photos: Getty Images
Photos: Getty Images
Published 6 April 2024
Chan Myae

၂၀၁၁ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ တွေ့ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းက ရော်နယ်လ်ဒိုရဲ့ ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့တယ်။ ဒီပွဲအပြီးမှာလည်း ရော်နယ်လ်ဒိုလား၊ မက်ဆီလားဆိုပြီး အမေးခံရပြန်တယ်။ ဖာဂူဆန်ကလည်း နှစ်ဦးစလုံးဟာ ဂရိတ်၊ ဂရိတ် ကစားသမားတွေဖြစ်သည့်တိုင်အောင် သူ့ အတွက်တော့ ရော်နယ်လ်ဒိုက အကောင်းဆုံးပဲလို့ ထပ်ပြောခဲ့တယ်။ ဖာဂူဆန်က ရော်နယ်လ်ဒိုကို ဘာကြောင့် အဲဒီလောက်တောင် ယုံကြည်ရတာလဲ။ တကယ်တော့ ဖာဂူဆန်က ရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ခြင်းဟာ ကံကြမ္မာကို လောင်းကြေးထပ်ပြီး ခေါ်ယူခဲ့ရတာပါ။ ၂၀၀၃ တုန်းက သူ့ရဲ့ ညာလက်ရုံးဖြစ်ခဲ့ဖူးတဲ့ ကားလို့စ်ကွီရော့ဇ်ဆီကနေ သူ အကြံညဏ် ကောင်းတချို့ကို ရခဲ့တယ်။ သူကိုယ်တိုင်လည်း  တစ်ပွဲပဲ ရင်ဆိုင်ရသေးချိန်မှာ အရမ်းသဘောကျခဲ့တယ်။ လစ်လပ်နေတဲ့ ယူနိုက်တက်ရဲ့ နံပါတ် ၇ နေရာဟာ ရော်နယ်လ်ဒိုအတွက်ပဲလို့ ချက်ချင်း အတွေးပေါက်ခဲ့တယ်။

 

Most Read

Most Recent