နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့် ချင်းပြည်သူ့ပါတီ၏ ပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို UEC ငြင်းပယ်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့် ချင်းပြည်သူ့ပါတီ၏ ပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို UEC ငြင်းပယ်
Published 15 May 2024

 

 

 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့် ချင်းပြည်သူ့ပါတီ၏ ပါတီ တည်ထောင်ခွင့်လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ငြင်းပယ်လိုက်ကြောင်း မေ ၁၄ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံရေးပါတီတည်ထောင်လိုသူများအနေဖြင့် ၎င်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ မေ ၁၄ ရက်အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၅ ဖွဲ့ရှိ ကြောင်း၊ ယင်းသို့ လျှောက်ထားသည့်အဖွဲ့ များအနက် နိုင်ငံရေးပါတီ ၁၂ ပါတီကို တည်ထောင်ခွင့်ပြုခဲ့ပြီး နှစ်ပါတီကို တည်ထောင်ခွင့်ငြင်းပယ်ခဲ့ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တည်ထောင်ခွင့်ပြုရန် ကျန်ရှိသည့် ချင်းပြည်သူ့ပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ ရှိရသဖြင့် ယင်းပါတီ၏ ပါတီတည်ထောင် ခွင့်လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုံစံ (ဂ) ဖြင့် ငြင်းပယ်လိုက်ကြောင်း ့UEC ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

မေ ၇ ရက်ကလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက် များနှင့် ညီညွတ်ခြင်းမရှိသဖြင့် ဒီမိုကရေစီ ပါတီ၏ ပါတီတည်ထောင်ခွင့်လျှောက်ထား ချက်ကို ငြင်းပယ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ် ပြန်ထားသည်။

ဒီမိုကရေစီပါတီ၏ လျှောက်ထားချက် အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိ စစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက် များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသ ဖြင့် ယင်းပါတီ၏ ပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုံစံ(ဂ) ဖြင့် ငြင်းပယ်လိုက်ကြောင်း UEC ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့်လျှောက် ထားချက်ကို ငြင်းပယ်လိုက်သည့် နိုင်ငံရေး ပါတီ သုံးပါတီ ရှိကြောင်း UEC ၏ ထုတ်ပြန် ချက်အရ သိရသည်။

Most Read

Most Recent