နည်းပြဒီရော့ဆီအား (၃)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ရိုးမားအသင်း သဘောတူညီမှုရရှိခဲ့

နည်းပြဒီရော့ဆီအား (၃)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ရိုးမားအသင်း သဘောတူညီမှုရရှိခဲ့
Photo: Fabrizio
Photo: Fabrizio
Published 22 April 2024

စီးရီးအေကလပ် ရိုးမားအသင်းသည် အသင်းအားရလဒ်ကောင်းများရရှိအောင်စွမ်းဆောင်ပေးထားနိုင်သည့် နည်းပြဒီရော့ဆီအား (၃)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ကြောင်း အီတလီအားကစားသတင်းစာ Football Italia ကဖော်ပြခဲ့သည်။

အသက် (၄၀)နှစ်အရွယ်ရှိ ဒီရော့ဆီသည် ကစားသမားဘဝတွင် ရိုးမားအသင်း၏ ဂန္ထဝင်ကွင်းလယ်လူအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့သလို၊ နည်းပြအဖြစ် တာဝန်ယူချိန်တွင်လည်း ပြိုင်ပွဲစုံ (၁၇)ပွဲကိုင်တွယ်ရာတွင် (၂)ပွဲသာရှုံးနိမ့်ထားပြီး (၁၂)ပွဲနိုင်၊ (၃)ပွဲသရေရလဒ်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

ရိုးမားအသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း  နည်းပြဟောင်းဖြစ်သူ မော်ရင်ဟိုနှင့် လမ်းခွဲခဲ့ပြီးနောက် ဒီရော့ဆီအား ရာသီကုန်အထိနည်းပြအဖြစ် အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ရလဒ်ကောင်းများကြောင့် နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ရိုးမားအသင်းသည် ဒီရော့ဆီလက်ထက် စီးရီးအေပြိုင်ပွဲတွင် ရှုံးပွဲ (၁)ပွဲ သာကြုံတွေ့ထားပြီး လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် အခြေအနေကောင်းနေသလို၊ ယူရိုပါလိဂ်တွင်လည်း ဖီယင်နု၊ ဘရိုက်တန်နှင့် အေစီမီလန်အသင်းတို့ကို ဖြတ်ကျော်ကာ ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးထားနိုင်ခဲ့သည်။

Most Read

Most Recent